Red Carpet ထက်က အပြစ်ပြောစရာ မရှိတဲ့ ဝတ်ဆင်ပုံတွေနဲ့ နာမည်ကျော်တွေကို သင်မြင်ဖူးမှာပါ။ သူတို့ရဲ့ ပုံစံကို လုံးဝ အပြစ်ပြောစရာမရှိအောင် ဒီဇိုင်နာ၊ မိတ်ကပ်ပညာရှင်တွေက နောက်ကွယ်ကနေ ဖန်တီးပေးထားတာပါ။ ဒါပေမဲ့ နာမည်ကျော်တွေမှာ သူ့ဖက်ရှင် လျို့ဝှက်ချက်နဲ့ သူရှိပါတယ်။ သူတို့ရဲ့ နေ့စဉ်ဘဝမှာ စတိုင်ကျကျ နေတတ်ဖို့ သူတို့ သုံးတဲ့ ဖက်ရှင်လှည့်ကွက်တွေ ရှိပါတယ်။ သင်က အရင်ထက် ပိုစတိုင်ကျကျ ဝတ်တတ်လာဖို့ ကမ္ဘာကျော်တွေ ဘယ်လို ဝတ်ဆင်တတ်ကြလဲ သိချင်ရင် ဆက်ကြည့်လိုက်ပါနော်-

၁။ Julianne Moore ရဲ့ အကြိုက်ဆုံးအရောင်က အစိမ်းရောင်ပါ

Cele တစ်ယောက် ဘယ်အရောင်ကို ကြိုက်လဲ သူဝတ်တဲ့ အဝတ်အစား အရောင်အများစုကို ကြည့်ပြီး သိနိုင်ပါတယ်။ ဥပမာ Rihanna ဆိုရင် အနီကို သဘောကျသူ၊ Angelina Jolie ဆိုရင် အနက်ရောင် စသဖြင့် သိနိုင်ပါတယ်။ သင်က Julianne Moore လိုပဲ သင်အကြိုက်ဆုံးအရောင်ကို ခပ်များများ ဝတ်ဆင်ပြီး သင့်ရဲ့ထူးခြားတဲ့ စတိုင်ကို ပြသနိုင်ပါတယ်။

၂။ နာမည်ကျော်တွေက ပွဲတစ်ပွဲ မလာခင် ၂ ပတ်အလိုမှာ ဆံပင်ညှပ်တတ်တယ်

ဆံပင်ပညာရှင်တွေက တစ်ခုခု သွားစရာ မတိုင်ခင် ၂ ပတ်အလိုလောက်တည်းက ဆံပင်ပုံပြောင်းသင့်ကြောင်း အကြံပေးထားပါတယ်။ ဒီကြားထဲ Hair Mask တွေ ပုံမှန်သုံးကာ ဆံပင်ကို အလှဆုံးဖြစ်အောင် ထိန်းသိမ်းထားနိုင်ပါတယ်။

၃။ Penélope Cruz ရဲ့ ရိုးရိုးရှင်းရှင်းနဲ့ ဖန်တီးမှု

အရိုးဆုံးက အလှဆုံး ဆိုတဲ့ စကားကို သင်ကြားဖူးမှာပါ။ ရိုးရှင်းပေမယ့် လှအောင် ဝတ်နိုင်ကြောင်း အနုပညာရှင် Penélope Cruz က သိထားပုံပါပဲ။ သင်ကိုယ်တိုင်လည်း ရိုးရိုးရှင်းရှင်းလေးနဲ့ ဘယ်လိုလှအောင် ဝတ်နိုင်မလဲ စဉ်းစားသင့်ပါတယ်။

၄။ Jennifer Aniston ရဲ့ aviator မျက်မှန်

Jennifer က အမြဲ မျက်မှန်ပုံစံ တစ်မျိုးတည်းကို ဝတ်တတ်ပါတယ်။ ဒီ aviator တွေက နေရောင်ကာနိုင်သလို အများစုနဲ့ လိုက်ဖက်ပါတယ်။

၅။ Victoria Beckham ရဲ့ ဘောင်းဘီရှည်

Victoria Beckham ကဘောင်းဘီကို ခြေဖနောင့်ဖုံးတဲ့အထိ အရှည် ဝတ်တတ်ပါတယ်။ ဒီလိုဘောင်းဘီရှည်တွေက သင့်ခြေထောက်ကို ပိုရှည်တယ် ထင်ရစေပါတယ်။

၆။ Anne Hathaway ရဲ့ ဘောင်းဘီရွေးချယ်မှု

မင်းသမီး Anne Hathaway က ဘောင်းဘီရှည် ဝတ်တဲ့အခါ အပေါ် Blazer နဲ့ တွဲဝတ်တတ်ပါတယ်။ ဒီ ဖက်ရှင် Look က သင့်ကို ပေါ့ပေါ့ပါးပါး နဲ့ လှစေပါတယ်။ ဒါ့အပြင် Anne Hathaway က သူမရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းပေါ်စေဖို့ အောက်ပွဘောင်းဘီတွေ ရွေးချယ်တတ်ပါတယ်။

၇။ အရောင်တောက်တောက်တွေနဲ့ လှည့်စားတတ်တဲ့ Reese Witherspoon

မင်းသမီး Reese Witherspoon က သူမရဲ့ ဖက်ရှင်ဝတ်ဆင်ပုံထဲမှာ အရောင်တောက်တောက် အိတ်တွေ၊ ဖိနပ်တွေ ထည့်တတ်ပါတယ်။ ဒီလိုအရောင်တောက်တောက်တွေက သူမကို ပိုထင်ရှားသွားစေပါတယ်။

၈။ ကောက်ကြောင်းပေါ်စေဖို့ Kim Kardashian ရဲ့ အကြံပြုချက်

Kim Kardashian က သူမရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကို ပေါ်နေဖို့ အမြဲ Fitted Clothes တွေကို ဝတ်တတ်ပါတယ်။ ဒါ့အပြင် အင်္ကျီအပွတွေကို ရှောင်သင့်ပြီး ခန္ဓာကိုယ်ကောက်ကြောင်း ပေါ်တဲ့ အင်္ကျီတွေကို အပ်ချုပ်ဆရာနဲ့ သေချာတိုင်းချုပ်သင့်ကြောင်း အကြံပေးထားပါတယ်။

၉။ Kate Middleton ရဲ့ဖိနပ်ရွေးချယ်မှု

Kate Middleton က ဖိနပ်တစ်ရံထဲကို ထပ်ခါထပ်ခါ ဝတ်ဖို့ မရှက်သင့်ကြောင်း သက်သေပြထားသူပါ။ သင့်အနေနဲ့ သူမလိုပဲ အသားရောင် ဖိနပ်အရည်အသွေးကောင်းတာမျိုး ဆောင်ထားပြီး အဝတ်အစားတိုင်းနဲ့ လိုက်ဖက်အောင် အကြံထုတ်နိုင်ပါတယ်။

ဘယ် Cele ရဲ့ဖက်ရှင်အကြံပေးချက်က သင့်အတွက် အသုံးဝင်လဲ ပြောပြခဲ့ပါဦး။

Source: Brightside.me

By MyStyle Myanmar