တစ်ခါတစ်လေကျရင် motivation တွေ တစ်ဖြေးဖြေးနဲ့ပျောက်ဆုံးလာတယ်လို့ ခံစားမိတဲ့အချိန်တွေရှိပါတယ်။ အကြောင်းအရင်းခိုင်ခိုင်မာမာမရှိပဲ motivation တွေ ပျောက်ဆုံးလာရတဲ့ အဓိက အကြောင်းအရင်းတွေကတော့ ဒီအချက်တွေကြောင့်ပဲ ဖြစ်လာတာများပါတယ်။
ကိုယ်ဘာဖြစ်ချင်လဲဆိုတာကိုမသိခြင်း
အဆိုးဆုံးကတော့ ကိုယ်ဘာဖြစ်ချင်လဲဆိုတာကို မသိတာပါပဲ။ ကိုယ်တိုင်ဘာဖြစ်ချင်လဲ၊ ဘာလုပ်ချင်လဲဆိုတာကို မသိရင် motivation က အလိုလိုပျောက်ဆုံးနေမှာပါပဲ။ ဒါကြောင့် motivation ရအောင် ရည်မှန်းချက်ထားပြီး ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ကို ထည့်ထားပါ။
အတွေးတွေများနေခြင်း
ဘာမှမလုပ်ကြည့်ရသေးဘူး ဖြစ်ပါ့မလား၊ ငါလုပ်နိုင်ပါ့မလား၊ အဆင်ပြေပါ့မလားနဲ့ အတွေးတွေများနေရင် စိတ်တွေညစ်လာပြီး အားယုတ်လာမယ်။ Motivation တွေ ပျောက်ဆုံးလာပါမယ်။ ဒါကြောင့် အရမ်းမတွေးပါနဲ့။ တွေးရင်လည်း ကောင်းတဲ့ဘက်ကပဲတွေးပါ။
ပျင်းရိနေခြင်း
ပျင်းနေရင်တော့ ဘာမှဖြစ်မြောက်မှာမဟုတ်ပါဘူး။ ပျင်းပြီး ထိုင်တွေးနေရင် ရှိနေတဲ့ motivation တွေပါ ပျောက်သွားပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုအသုံးမကျဘူးလို့လည်း ခံစားမိလာပါလိမ့်မယ်။ ဒါကြောင့် အမြဲတမ်းသွက်သွက်လတ်လတ်နဲ့ active ဖြစ်အောင်နေပါ။
တခြားသူတွေကိုပဲအားကျနေခြင်း
ကိုယ့်ကိုယ်ကိုအကောင်းဆုံးဖြစ်အောင်၊ တိုးတက်အောင်လုပ်ရမယ့်အချိန်မှာ တခြားသူတွေကိုပဲကြည့်ပြီး အားကျနေမယ်ဆိုရင် ကိုယ့်ကိုယ်ကိုအားငယ်စိတ်၊ သိမ်ငယ်စိတ်တွေဝင်လာပြီး motivation တွေ ပျောက်ဆုံးလာပါလိမ့်မယ်။ တခြားသူတွေကိုကြည့်ပြီး အားကျမယ့်အစား သူတို့လိုဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ ကြိုးစားကြည့်လိုက်ပါ။