ဗိုက်အောက်ပိုင်းအဆီက စိတ်ဖိစီးမှုများတာ၊ အစားအသောက် မျှတမှု မရှိတာ၊ လေ့ကျင့်ခန်း ပုံမှန်မလုပ်တာကြောင့် ပိုများလာတတ်ပါတယ်။ ဗိုက်အောက်ပိုင်းအဆီက ကျဖို့ အခက်ဆုံး အဆီဖြစ်ပါတယ်။ သင်က ဗိုက်အောက်ပိုင်းအဆီကျချင်တယ်ဆိုရင် အာဟာရ မျှမျှတတစားတာ၊ လေ့ကျင့်ခန်းများများ လုပ်တာ စသဖြင့် ပြုလုပ်ပေးသင့်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဗိုက်အောက်ပိုင်းအဆီကို ထိထိရောက်ရောက် ကျစေမယ့် လေ့ကျင့်ခန်းတွေကို ဖော်ပြလိုက်ပါတယ်။

Flutter Kicks

အိပ်လျက်အနေအထားနဲ့ ခြေထောက်ကို တန်းထားပေးရပါမယ်။ ပြီးနောက် ဘယ်ညာ တစ်လှည့်စီ ခြေထောက်ကို အပေါ်အောက် မြှောက်ပေးရပါမယ်။

Photo Source: Spotebi

Mountain Climber with a twist

လက်နဲ့ တစ်ဖြောင့်တည်း ထောက်ကာ ခြေထောက်ကို ရင်ဘတ်ဆီ ရောက်အောင် ကပ်ပေးရပါမယ်။ ကပ်ပြီးတာနဲ့ ခန္ဓာကိုယ်ကို ဆန့်ကျင်ဘက်ဆီ လှည့်ပေးရပါမယ်။ ပြီးနောက် ကျန်တစ်ဘက်ကိုလည်း ဒီလိုပဲ လုပ်ပေးရပါမယ်။

Photo Source: Betches

Crunches

ခြေထောက်ကို အပေါ်ထောင် ဒူးကွေးထားကာ ခန္ဓာကိုယ်ကို အပေါ် ပင့်တင်ပေးရပါမယ်။ အိပ်ထမတင် လေ့ကျင့်ခန်းက ဗိုက်အဆီကျဖို့ ထိရောက်တဲ့ လေ့ကျင့်ခန်းပါ။

Photo Source: Pinterest

Forearm Plank with leg lift

Plank ထောက်ထားကာ ခန္ဓာကိုယ်ကို တစ်တန်းတည်း ထားပြီး ခြေထောက် တစ်ဘက်ကို အပေါ် မြှင့်ပေးရပါမယ်။ ဘယ်ညာတစ်လည့်စီ လုပ်ပေးရပါမယ်။

Photo Source: Eat Fit Fuel

Leg Lift

အိပ်လျက်အနေအထားနဲ့ ခြေထောက်ကို အပေါ် မြှင့်ပေးရပါမယ်။ ဒီလေ့ကျင့်ခန်းက လွယ်ကူသလို ဗိုက်အောက်အဆီ ထိထိရောက်ရောက် ကျစေမယ့် လေ့ကျင့်ခန်း ဖြစ်ပါတယ်။

Photo Source: Spotebi

By MyStyle Myanmar