ဟယ်လို MyStyle Myanmar ရဲ့ အလှပဂေးလေးတွေရေ… ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကတော့ ပျိုမေတိုင်းအတွက် အသုံးဝင်စေမယ့််အပြင် တကယ့်ကိုထိရောက်တဲ့ နာမည်ကျော်မင်းသမီးတွေအသုံးပြုနေကြတဲ့ ဂျိုင်းမဲညစ်တာကို အမြန်ဆုံးပျောက်ကင်းစေမယ့် လျှို့ဝှက်ချက်လေးပဲ့ဖြစ်ပါတယ်။ Celebrityတွေ အသုံးပြုတဲ့နည်းဆိုပြီး ‌အရမ်းဈေးကြီးမှာပဲ့လို့ သင်ထင်ရင်တော့ မှားသွားလိမ့်မယ်နော်။ ဒါပေမယ့် ဒီနည်းလမ်းလေးတွေက ဈေးမကြီးတဲ့အပြင် သင့်မီးဖိုချောင်မှာ အလွယ်တကူရနိုင်တဲ့ပစ္စည်းလေးတွေဖြစ်တဲ့အတွက် ဂျိုင်းမဲညစ်နေတယ်လို့ခံစားရတဲ့ပျိုမေတိုင်း လိုက်လုပ်ပေးသင့်တယ်နော်။

ကဲ…ဒီသဘာဝပစ္စည်းတွေရဲ့အစွမ်းကိုသိပြီးသွားရင်တော့ ဒီနည်းလမ်းမှ ဒီနည်းလမ်းဖြစ်သွားကြမှာ အသေအချာပါပဲ့နော်…

အာလူး

အသားအရေပါးလွန်းတာကြောင့် သံပရာသီးသုံးလို့အဆင်မပြေရင် အာလူးနဲ့ချေးချွတ်လို့ရပါသေးတယ်။ အားလူရည်ကို ဂွမ်းလေးနဲ့ဆွတ်ယူပြီး ဂျိုင်းမှာရွှဲနေအောင်သုတ်ပေးပါ။ (၁၀) မိနစ်လောက်ထားပြီးရင်တော့ ရေဆေးချလိုက်ပါ။ ရလဒ်မြန်မြန်တွေ့ချင်ရင်တော့ တစ်နေ့ (၂) ကြိမ်နဲ့ (၇) ရက်ဆက်တိုက်ပြုလုပ်ပေးပါ။

သခွားသီး

သံပရာသီးနဲ့ပေါင်းပြီးသွားရင်တော့ သခွားသီးနဲ့ထပ်ပွတ်ပေးပါ။ လွယ်ပါတယ်။ လှီးထားတဲ့သခွားသီးတွေကို ဂျိုင်းမှာပွတ်ပေးပါ။ စိတ်ကြိုက်ပွတ်ပေးပြီးရင် ခဏခြောက်အောင်ထားလိုက်ပါ။ ပြီးမှရေဆေးချလိုက်ပါ။ ရက်အနည်းငယ်လောက်ကြာရင် သိသာလာပါလိမ့်မယ်။

သံပရာသီး

သံပရာသီးက ချေးချွတ်တဲ့နေရာမှာ အကောင်းဆုံးအသီးပါပဲ။ နနွင်းမှုန့် (၂) ဇွန်း၊ ပျားရည် (၁) ဇွန်း၊ ဒိန်ချဉ် (၁) ဇွန်းနဲ့ သံပရာရည်တို့ကိုရောမွှေပြီး ဂျိုင်းမှာသုတ်လိမ်းပေးလိုက်ပါ။ (၁၀) မိနစ်လောက်ထားပြီးရင်တော့ အဝတ်လေးနဲ့သုတ်လိုက်ပါ။ ပြီးမှရေဆေးချပေးပါ။