လူငယ်ကောင်မလေးတွေအတွက် အရမ်းချစ်ဖို့ကောင်းတဲ့ barbie girl makeup look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။ Barbie girl look အတွက် big eyes လေးတပ်ထားရင် ပိုပြီးချစ်ဖို့ကောင်းပါတယ်။

အရင်ဆုံး cushion လိမ်းပါမယ်။ Cushion မသုံးပဲ foundation လိမ်းမယ်ဆိုရင်တော့ makeup sponge နဲ့လိမ်းပေးပါ။ လက်နဲ့လိမ်းရင် မိတ်ကပ်သားမလှသလို ညီလည်းမညီပါဘူး။

Concealer နဲ့ မျက်ကွင်းနေရာတွေကို အဓိကထားပြီး လိမ်းပေးပါ။ ဒါမှ မျက်ကွင်းညိုတာတွေကိုဖုံးပေးပြီး အသားအရောင်ညီစေမှာပါ။

အားလုံးလိမ်းပြီးရင် နောက်ဆုံးမှာ powder လိမ်းပေးပါ။

မျက်နှာတစ်ခုလုံးရဲ့အသက်ဖြစ်တဲ့ မျက်ခုံးမွှေးဆွဲပါမယ်။ မျက်ခုံးမွှေးဆွဲပြီးရင် natural ဆန်ဆန်လေးဖြစ်အောင် eyebrow gel brush နဲ့ ဖြီးပေးပါ။

မျက်လုံးခြယ်ဖို့အတွက် eyeshadow အညိုဖျော့လေးကို မျက်ခွံအပေါ်နားအထိရောက်အောင် ခြယ်ပေးပါ။ မျက်လုံးအောက်နားကိုပါ တစ်စက်ထဲခြယ်ပေးပါ။ အောက်နားကတော့ တစ်ဝက်အထိပဲ ပုံမှာပြထားသလို ခြယ်ပါမယ်။

Eyeshadow အညိုအရင့်ကိုတော့ မျက်ခွံမှာ ထပ်ခြယ်ပါမယ်။ အပေါ်အထိမခြယ်ပဲ မျက်ရစ်နားအထိပဲ ခြယ်ပေးပါ။ အောက်နားတစ်ဝက်နဲ့ ထောင့်လေးတွေကိုပါ ခြယ်ပေးပါ။

ရွှေရောင် glitter eyeshadow ကို လက်ညှိုးလေးနဲ့ယူပြီး မျက်ခွံမှာ နည်းနည်းခြယ်ပေးပါ။

Eyeshadow ခြယ်ပြီးပြီဆိုရင် eyeliner ဆွဲပါမယ်။ Barbie look လေးဖြစ်လို့ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ပိုကြီးသွားအောင် eyeliner ကို wing လေးထွက်အောင် ဆွဲပေးပါ။

ရွှေရောင် glitter eyeshadow ကို မျက်လုံးအောက်နားက အရှေ့ဘက်နားတစ်ဝက်လောက်အထိ ခြယ်ပေးပါ။

Mascara နဲ့ မျက်တောင်ကော့ပါမယ်။ အပေါ်မျက်တောင်ကော့ပြီး အောက်မျက်တောင်ကိုပါ mascara နဲ့ ကော့ပေးပါ။

ပါးနီကိုတော့ peach အရောင်နုနုလေးပဲ ခြယ်ပါမယ်။

နှုတ်ခမ်းနီကိုလည်း peach အရောင်နုနုလေးပဲ ဆိုးထားပါတယ်။

နှာတံဖော်ပြီး နှာတံမှာ highlighter လေးသုတ်ပေးပါ။ ဒါဆိုရင်တော့ နှာတံလေးပိုပေါ်သွားမှာပါ။

ဒီလောက်ဆိုရင်တော့ အရမ်းချစ်ဖို့ကောင်းတဲ့ barbie girl makeup look လေးကို ရရှိသွားပြီပဲဖြစ်ပါတယ်။