ဆယ်ကျော်သက်ကောင်မလေးတွေနဲ့ အရမ်းလိုက်ဖက်ပြီး ချစ်ဖို့လည်းကောင်းတဲ့ စကပ်ဖက်ရှင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ စကပ်ဝတ်ရတာကြိုက်တဲ့သူတွေဆိုရင် ဒီဖက်ရှင်လေးတွေကို အရမ်းသဘောကျမှာပါ။

Body fit top လေးကို စကပ်အဖြူလေးနဲ့တွဲဝတ်ထားပြီး ခြေအိတ်လေးဝတ်ထားတာက အသက်ပါပဲ။ သူများထက်ပိုပြီးထူးခြားတဲ့ ဖက်ရှင်မျိုးဖြစ်စေပြီး ချစ်ဖို့လည်းကောင်းပါတယ်။

စကပ်အကွက်လေးတွေဝယ်မယ်ဆိုရင် အဖြူခံအကွက်လေးတွေကို ရွေးချယ်ပါ။ ပြီးရင်တော့ ဒီလိုဖက်ရှင်လေး ဝတ်ကြည့်ပါ။ အရမ်းချစ်စရာကောင်းပြီး လူငယ်ဆန်စေပါတယ်။ ကိုရီးယားမလေးတွေ၊ တရုတ်မလေးတွေဝတ်နေကျ ပုံစံမျိုးလေးပါ။

Mini စကပ်အမဲလေးတွေကို ဒီလိုအင်္ကျီလေးတွေနဲ့တွဲဝတ်တာက အရမ်းကိုပေါ့ပါးမှုရှိစေပြီး မိန်းကလေးဆန်ဆန်လေးနဲ့ ချစ်ဖို့ကောင်းစေပါတယ်။

ကိုရီးယားမလေးတွေ၊ တရုတ်မလေးတွေဝတ်နေကျ ဖက်ရှင်မျိုးလေးတွေပါ။ စကပ်ဝတ်ရတာကြိုက်ရင် ဒီဖက်ရှင်လေးတွေကိုလည်း try ကြည့်သင့်ပါတယ်။ ဆယ်ကျော်သက်လေးတွေနဲ့ဆို အရမ်းချစ်ဖို့ကောင်းနေမှာပါ။

Middle ဂျင်းစကပ်လေးတွေကိုတော့ body fit top လေးတွေနဲ့သာတွဲဝတ်ပြီး sneakers တွေ၊ boots လေးတွေ စီးကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပြီး ဖက်ရှင်လည်းကျစေပါတယ်။

ဒါကတော့ ကိုရီးယားမလေးတွေဝတ်တဲ့ စကပ်ဖက်ရှင်လေးပါ။ အေးတဲ့နေရာဒေသကို ခရီးသွားတဲ့အခါမှာဆိုရင် ဒီဖက်ရှင်လေးကိုဝတ်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

ဆယ်ကျော်သက်ကောင်မလေးတွေအနေနဲ့ ဂျင်းစကပ်အတိုလေးတွေ ဝတ်မယ်ဆိုရင် ဒီလိုချစ်ဖို့ကောင်းတဲ့ ချည်သားအင်္ကျီလေးတွေနဲ့ တွဲဝတ်ကြည့်ပါ။ ဝတ်ရတာပေါ့ပါးမှုရှိပြီး အရမ်းလည်းချစ်စရာကောင်းပါတယ်။

photo source:www.pinterest.com