Selfie လှလှလေးတွေရိုက်ရတာကြိုက်တဲ့ ပျိုမေတို့မင်္ဂလာပါနော်။ ပျိုမေတို့အတွက် ဒီတစ်ခေါက်မှာ သွက်သွက်လက်လက်နဲ့ ချစ်စရာကောင်းတဲ့ တက်သစ်စ လူငယ် Idol မိန်းကလေးအဖွဲ့တစ်ခုဖြစ်တဲ့ IVE အဖွဲ့ဝင်လေး Liz ကိုယ်တိုင် မျှဝေပေးခဲ့တဲ့ Selfie လှလှရိုက်နည်းအကြောင်းကိုဖော်ပြပေးချင်ပါတယ်။


အသက် ၁၇ နှစ်ပဲရှိသေးတဲ့ လူငယ် Idol ကောင်မလေး Liz ဟာဆိုရင် အရင်နှစ်ကမှ ပွဲဦးထွက်ခဲ့တဲ့ IVE အဖွဲ့ရဲ့ ဒုတိယမြောက်အငယ်ဆုံးအဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ သူမကိုတော့ တောင်ကိုးရီးယားနိုင်ငံ Jeju ကျွန်းမှာမွေးဖွားခဲ့ပြီး နာမည်အရင်းက Elizabeth Kim ဖြစ်ပါတယ်။


အားကစားလုပ်ရတာနဲ့ သီချင်းဆိုရတာကို ကြိုက်နှစ်သက်ပြီး ကြောင်လေးတွေကိုလည်း ချစ်တတ်တဲ့သူ တစ်ယောက်ပါ။ သူမမှာ ထူးထူးခြားခြားနဲ့ ချစ်စရာကောင်းတဲ့ ပါးချိုင့်လေးတစ်ဖက်ရှိပြီး လွယ်လွယ်နဲ့ရှက်တတ်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။


သူမဟာ Selfie ရိုက်တဲ့အခါတိုင်းမှာ ပါးချိုင့်လေးတွေပေါ်ပြီး ချစ်စရာကောင်းအောင် Pose လေးတွေ ပြုလုပ်တတ်သူဖြစ်ပြီး Mirror Selfie လှလှလေးတွေရိုက်တတ်တဲ့သူလည်းဖြစ်ပါတယ်။

ပရိသတ်တွေကလည်း သူမရဲ့ Selfie ရိုက်စွမ်းရည်ကို ချီးကျူးကြတာကြောင့် အဖွဲ့ရဲ့ Youtube Video တစ်ခုမှာ Selfie ရိုက်တဲ့အခါပြုလုပ်ပေးရမယ့် Tips လေးတွေကို ကိုယ်တိုင်ပြောပြပေးခဲ့တာဖြစ်ပါတယ်။
Liz ပြောခဲ့တာကတော့ Selfie ရိုက်တဲ့အခါ အရင်ဆုံး ဖုန်းကိုမျက်နှာနဲ့တည့်တည့်ထားပြီး ကိုယ့်မျက်လုံးနဲ့လည်း တစ်တန်းထဲထားပေးရပါမယ်တဲ့။ ပြီးရင်တော့ ကိုယ်လိုချင်တဲ့ ချစ်စရာ Pose လေးတွေလုပ်ပြီးရိုက်ကြည့်ရပါမယ်။

ပုံများများရိုက်ကြည့်လေ ကိုယ့်အတွက်ရွေးချယ်စရာများလေဖြစ်တာကြောင့် များများရိုက်ပြီးမှ အလှဆုံးတွေကိုရွေးပေးသင့်တယ်လို့လည်း သူမက အကြံပေးခဲ့ပါတယ်။

Selfie ရိုက်တဲ့အခါ ကင်မရာကိုပါအပေါ်တင်လိုက်၊ စောင်းလိုက်ပြုလုပ်ပြီး ရိုက်တာထက် ကင်မရာကိုတည့်တည့်ပဲထားပြီး Pose လှလှလေးတွေပေးရတာကိုပိုနှစ်သက်ကြောင်း သူမရဲ့ Selfie ရိုက်နည်းလေးကို ပြောပြသွားခဲ့တာဖြစ်ပါတယ်။ သင်ကကော Selfie ရိုက်တဲ့အခါ ကင်မရာကိုဘယ်လိုထားလေ့ရှိလဲ ပြောပြခဲ့ပါဦး။

Photo Source: koreaboo, Pinterest