K-Drama ကို ကြည့်မလား၊ ကေပေါ့ အိုင်ဒေါတွေကို ကြည့်မလား။ ဘယ်သူ့ကိုပဲ ကြည့်ကြည့် ကိုးရီးယား အနုပညာရှင်တွေရဲ့ အသားအရေတွေက အပြစ်ပြောစရာမရှိအောင် လှနေတတ်ပါတယ်။ မိတ်ကပ်လိမ်းထားရင်လည်း မိတ်ကပ်လိမ်းထားတယ် မထင်ရအောင် သဘာဝဆန်ဆန် ကြည့်ကောင်းလှပါတယ်။ ဒီလို ကြည့်ကောင်းရခြင်း အကြောင်းတရားတွေထဲမှာ ကိုးရီးယား အနုပညာရှင်တွေကို အလှပြင်ပေးတဲ့ မိတ်ကပ် Artist တွေက အဓိက ပါဝင်နေပါတယ်။ ပြစ်မျိုးမှဲ့မထင် ပြီးပြည့်စုံတဲ့ မိတ်ကပ် Look မျိုး ရဖို့ ကိုးရီးယား Makeup Artist တွေ သုံးတဲ့ မိတ်ကပ်လိမ်းနည်း လျို့ဝှက်ချက်တွေ ရှိပါတယ်။ ဒီလျို့ဝှက်ချက်တွေက သင့်အတွက်လည်း မိတ်ကပ်လိမ်းတဲ့အချိန် အသုံးဝင်မှာပါ။ ဒီတော့ ကြည့်လိုက်ရအောင်နော်-
၁။ Moisturizer အစား Lotion ကို သုံးပါ
Photo Source: Pinkvilla
အစိုဓာတ်ထိန်းခရင် အများစုက ဖောင်ဒေးရှင်း လိမ်းပြီးနောက် ကွာကျလာတတ်ပါတယ်။ ဒါပေမဲ့ Face Lotion ကတော့ ဒီလိုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ မိတ်ကပ်သားသိပ်သိပ်လေးနဲ့ တစ်နေကုန် လှနေဖို့ အစိုဓာတ်ထိန်းခရင် နေရာမှာ လိုးရှင်းကို သုံးသင့်ပါတယ်။ လိုးရှင်းက အစိုဓာတ်ပေးမယ့်အပြင် Glow Look ပါ ပိုင်ဆိုင်စေပါလိမ့်မယ်။
၂။ ဘရပ်ရှ် အပြားကို သုံးပါ
Photo Source: EcoTools
ကိုးရီးယား Artist တွေက ဖောင်ဒေးရှင်း Blend တဲ့နေရာမှာ Beauty Sponge မသုံးဘဲ ဘရပ်ရှ်အပြားနဲ့ Blend တတ်ကြပါတယ်။ မိတ်ကပ် ဘရပ်ရှ် အပြား က သင့်မျက်နှာကို မိတ်ကပ်သား ညီစေပြီး ချောမွတ်တဲ့ Effect ကို ပေးနိုင်ပါတယ်။
၃။ မျက်တောင်ကို ဖြတ်ပြီး သုံးပါ
Photo Source: Cosmopolitan
မျက်တောင်တု တပ်တဲ့အခါ မျက်တောင် တစ်ခုလုံး အတွဲလိုက် မကပ်ဘဲ မျက်တောင်ကို တစ်ဝက်စီ ဖြတ်ကာ မျက်တောင်မှာ တစ်စုစီ ကပ်တတ်ကြပါတယ်။ ဒီလိုကပ်တဲ့အခါ သင့်မျက်တောင်က အစစ်လိုပဲ သဘာဝဆန်ဆန်လေးနဲ့ လှနေမယ့်အပြင် မျက်တောင် မလေးတော့ပါဘူး။
၄။ မိတ်ကပ်မလိမ်းခင် Lip Balm လိမ်းတယ်
Photo Source: Well+Good
မိတ်ကပ် စမလိမ်းခင် သင့်နှုတ်ခမ်းသားလေးကို Lip Balm လိမ်းသင့်ပါတယ်လို့ ကိုးရီးယား မိတ်ကပ်ပညာရှင်တွေက အကြံပေးထားပါတယ်။ Lip Balm လိမ်းထားတာကြောင့် နှုတ်ခမ်းနီ ဆိုးတဲ့အချိန် အစိုဓာတ်ပြည့်ပြည့်လေးနဲ့ နှုတ်ခမ်းသား ဖူးဖူးလေး ဖြစ်နေစေပါတယ်။
By MyStyle Myanmar