မိသားစုတစ်ခု ပိုင်ဆိုင်ထားတဲ့အခါ အဆင်ပြေတဲ့အချိန်ရှိသလို အခန့်မသင့်ဖြစ်ကာ စကားများရတဲ့ အချိန်တွေလည်း ရှိပါတယ်။ ဘဝမှာ ဘယ်တော့မှ မမေ့နိုင်တဲ့ အမှတ်တရတွေထဲမှာ သင့်မိသားစုက ရာနှုန်းပြည့်ပါဝင်နိုင်ပါတယ်။ မိသားစု စုံစုံလင်လင် ပိုင်ဆ်ိုင်ထားသူတွေက အင်မတန် ကံကောင်းသူတွေ ဖြစ်ပါတယ်။ သင့်မိသားစုနဲ့ ဘယ်လောက်ပဲ အဆင်မပြေပါစေ သူတို့ကို တန်ဖိုးထားသင့်ပါတယ်။

အနုပညာရှင် Jordi Lafebre ကတော့ မိသားစုတွေရဲ့ ပျော်စရာအမှတ်တရတွေကို ပီပြင်စွာ ပုံဖော်ရေးဆွဲထားပါတယ်။ မိသားစုနဲ့ အတူရှိခြင်းက ဘယ်နေရာရောက်ရောက် အိမ်လို့ ခံစားရခြင်းပါ။ မိသားစုတွေမှာ ကြုံရတတ်တဲ့ အဖိုးတန်တဲ့ ပုံရိပ်တွေကို အတူတူ ကြည့်လိုက်ရအောင်နော်-

သမီးလေးကို မွေးဖွားခဲ့စဉ်က

ဖေဖေ့ရဲ့ တယုတယ တီတီတာတာ ကြင်နာမှုတွေ

သမီးလေး အိပ်တဲ့အချိန်

အဖေ အကြောက်ဆုံးက ချစ်ရတဲ့ သမီးလေးတွေပါပဲ။

မောင်နှမ သံယောဇဉ်

အဖေနဲ့ အမေရဲ့ အမှတ်တရ

အားကိုးအားထားပြုရတဲ့ ဖခင်ကို ပိုင်ဆိုင်ထားခြင်းဟာ ကံကောင်းခြင်းပါပဲ။

မိသားစုအတူတူ ပျော်ပွဲစားထွက်မယ်

သင့်အဖေနဲ့ ဒီလိုအချိန်တွေကို ပြန်မှတ်မိသေးလား

မိသားစုစုံစုံလင်လင်

တစ်ယောက်တစ်မျိုးစီပေမယ့် စည်းလုံးပါတယ်

တစ်နေ့တခြား ပြောင်းလဲလာတဲ့ ခန္ဓာကိုယ်နဲ့အတူ အချစ်တွေ တရိပ်ရိပ် တိုးလာတာကလည်း သံယောဇဉ်ပါပဲ။

မိသားစုနဲ့ အပြင်သွားရတာက ပျော်ဖို့ကောင်းပါတယ်။

မိသားစု Selfie

ပင်ပန်းလည်း အတူတူ

အပီကြိတ်

ကိုယ်ချစ်ရသူကို သစ္စာရှိခြင်းက အပြုအမူကောင်းပါပဲ

ဘယ်ရာသီဖြစ်ဖြစ် မိသားစုနဲ့ အတူတူ

မိသားစုကို တန်ဖိုးထားပါ

ဘယ်ပုံရိပ်က သင့်မိသားစုနဲ့ ပုံစံတူလဲ ပြောပြခဲ့ပါဦး။

Source: Brightside