ပျိုမေတို့အားလုံးပဲမင်္ဂလာပါနော်။ ဒီတစ်ခေါက်မှာ သင့်မျက်နှာကို မိတ်ကပ်လိမ်းထားမှန်းလည်း မသိသာစေဘဲ ကြည့်လိုက်တာနဲ့ ကြည်လင်ပြီး သပ်သပ်ရပ်ရပ်ဖြစ်နေစေမယ့် Makeup Look လေးရဖို့ ပြင်ဆင်နည်းအဆင့်တွေကို မျှဝေပေးလိုက်ပါတယ်။ လုပ်ရမယ့်အဆင့်တွေက လွယ်ကူတဲ့အပြင် သဘာဝဆန်ပြီး အစိုဓာတ်ပြည့်ဝတဲ့ စိုစိုပြောင်ပြောင် Makeup ပုံစံလေးကို အချိန်တိုအတွင်းရစေမှာဖြစ်လို့ မိတ်ကပ်အကြာကြီးလိမ်းရမှာ ပျင်းတဲ့သူတွေ၊ မိတ်ကပ်ပါးပါးလေးနဲ့လှနေချင်တဲ့ မိန်းကလေးတွေနဲ့ Glow Look လး ရချင်သူတွေ အကြိုက်တွေ့စေမှာပါ။
အရင်ဆုံး သဘာဝအတိုင်းအစိုဓာတ်ရနေဖို့ အရင်ဆုံး မျက်နှာကိုသေချာသန့်စင်ပေးထားဖို့လိုပါတယ်။ မျက်နှာသစ်ပြီးနောက် လိမ်းနေကျ အစိုဓာတ်ထိန်းခရင်မ် ဒါမှမဟုတ် Serum တစ်မျိုးကိုလိမ်းပေးရပါမယ်။ ဒါမှ သင့်မျက်နှာကိုစိုစိုလေးနဲ့ Glow နေတဲ့ ပုံစံမျိုးဖြစ်စေမှာပါ။
ပြီးရင်တော့ SPF ပါဝင်မှုများပြီး မိတ်ကပ်သားမပါတဲ့ ပေ့ါပေါ့ပါးပါး Sunscreen လေးလိမ်းပေးလိုက်ပါ။ ဒီ Look အတွက် Foundation လိမ်းဖို့မလိုပါဘူး။
မျက်ကွင်းညိုတဲ့နေရာတွေနဲ့ ကိုယ့်မှာရှိတဲ့ အမဲစက်၊ အရေးအကြောင်းတွေ အပေါ်မှာတော့ Concealer လိမ်းပြီး ဖုံးပေးရပါမယ်။
မျက်ခုံးမွှေးအစွန်းတွေကို Eyebrow Pen နဲ့အနည်းငယ်ဖြည့်ပေးပြီးနောက် Brow Setting Gel သုံးပြီး အပေါ်ပင့်တင်ကာ ဖြီးဆွဲပေးပါ။
မျက်လုံးထောင့်နားမှာ Eyeliner နည်းနည်းဖြည့်ပေးပါ။ ပြီးတာနဲ့ Mascara သုံးပြီး မျက်တောင်ကော့ပေးလိုက်ပါ။
Contour လုပ်ရမယ့်အဆင့်ဖြစ်ပါတယ်။ ပါးစောင်နှစ်ဖက်၊ နဖူးထောင့်နဲ့ နှာခေါင်းမှာ အညိုရင့်ရောင်ဘက်သွားတဲ့ Contour ခပ်ပါးပါးဆွဲပြီး Blend လုပ်ပေးရပါမယ်။
ပါးနီအတွက် ပန်းရောင်လေးရွေးပြီး ပါး၊ မေးစေ့နဲ့ နှာခေါင်းထိပ် နည်းနည်းချင်းစီ လိမ်းခြယ်ပေးပါ။
ပြီးရင်တော့ Highlight Pencil သုံးပြီး မျက်ခုံးစွန်းအောက်ပိုင်း၊ နှာခေါင်းဘေးကအရေးအကြောင်းတွေနဲ့ မျက်ကွင်းနားတစ်ဝိုက်စတဲ့ Glow Look ရချင်တဲ့နေရာတွေမှာ အနည်းငယ်ထည့်သုံးပေးရပါမယ်။
နောက်ဆုံးအနေနဲ့ မျက်မှာမှာရှိတဲ့ အဖုတွေမမြင်ရတော့ဘဲ မိတ်ကပ်ညီသွားစေဖို့ Setting Powder ကို Brush နဲ့ယူပြီး ပုတ်ပေးလိုက်ရုံပါပဲ။
နှုတ်ခမ်းနီအတွက် ပန်းရောင်အဖျော့နဲ့ အသားရောင်ဘက်သွားတဲ့ Lip Liner လးတွေသုံးပေးနိုင်ပြီး အပေါ်က Lip Gloss လေးထပ်ဆိုးလိုက်ပါ။
ဒါဆိုရင်တော့ သပ်သပ်ရပ်ရပ်နဲ့ Glow ပြီးလှနေတဲ့ Clean Makeup Look လေးကိုရရှိသွားပြီပဲဖြစ်ပါတယ်။
Source: Toni Sia Youtube