အချိန်အကြာကြီးတွဲလာခဲ့တဲ့ relationship တစ်ခုပျက်စီးသွားရင် ပိုပြီးနာကျင်ခံစားရပါတယ်။ ဒါပေမယ့်လည်း မဖြစ်နိုင်တော့ရင်တော့ အဆင်ပြေသလို ပျော်အောင်နေဖို့ ကြိုးစားရမှာပါပဲ။ ဒါကြောင့် အချိန်အကြာကြီးတွဲလာပြီးမှ ပြတ်သွားတဲ့သူတွေအတွက် single ဘဝနဲ့ပဲ ပျော်အောင်နေနိုင်မယ့်နည်းတွေကို မျှဝေပေးလိုက်ပါတယ်။
Social Media မှာ Block လိုက်ပါ
အရေးအကြီးဆုံးကတော့ ex ကို social media မှာ block လိုက်ပါ။ ရှိနေရင် စိတ်မပြတ်နိုင်ပဲ ဝင်ကြည့်နေတာနဲ့ အတိတ်ကနေ တော်ရုံနဲ့ ရုန်းမထွက်နိုင်တော့ပါဘူး။ မေ့နိုင်သွားတဲ့အခါမှာ စိတ်ပေါ့ပါးပြီး အေးချမ်းသွားပါလိမ့်မယ်။ ဒါကြောင့် မေ့နိုင်အောင်စလုပ်ရပါမယ်။
ပတ်သက်သမျှတွေပြန်မကြည့်ပါနဲ့
တကယ်တော့ ပတ်သက်သမျှတွေကို ရှင်းပစ်လိုက်ရမှာပါ။ ကိုယ်က ဒီလောက်ထိ စိတ်မဖြတ်နိုင်သေးဘူးဆိုရင်တော့ ပတ်သက်သမျှတွေကို ပြန်မကြည့်ပါနဲ့။ အဲ့ဒါတွေ ပြန်မကြည့်မိအောင်၊ အတွေးမရောက်အောင် busy ဖြစ်နေအောင်သာနေပါ။
လွတ်လပ်ခြင်းရဲ့အရသာကိုခံစားကြည့်ပါ
သူနဲ့တွဲတုန်းက ကိုယ်မလုပ်ခဲ့ရတဲ့အရာတွေ၊ ချုပ်ချယ်ခံခဲ့ရတဲ့အရာတွေကို အခုချိန်မှာ အကုန်လုပ်ကြည့်ပါ။ နည်းနည်းလောက်ပဲဖြစ်ဖြစ် စိတ်ပျော်ရွှင်ကျေနပ်မှု ရသွားပါလိမ့်မယ်။ အသည်းကွဲပြီး အခန်းအောင်းနေမယ့်အစား လွတ်လပ်ခြင်းရဲ့အရသာကို အပြည့်အဝခံစားကြည့်ပါ။ စိတ်လွတ်လပ်ပေါ့ပါးပြီး စိတ်သက်သာရာ ရလာပါလိမ့်မယ်။
ကိုယ်ပျော်မယ်ထင်တာတွေကိုလုပ်ပြီးနေပါ
ကိုယ့်အတွက်ကိုယ်ပဲရှိတယ်ဆိုတဲ့ စိတ်ကိုထည့်ထားပြီး ကိုယ်ပျော်မယ်ထင်တာတွေကို အကုန်လုပ်ပါ။ တကယ်တော့ ကိုယ့်ပျော်ရွှင်မှုက ကိုယ့်အပေါ်မှာပဲမူတည်ပါတယ်။ တစ်ချိန်လုံးတွေးပြီး ညစ်နေရင် ပျော်ရမှာမဟုတ်ပါဘူး။ အဓိကက overthinking မဖြစ်ဖို့နဲ့ တစ်ယောက်ထဲမနေဖို့ပါပဲ။ တစ်ယောက်ထဲနေရင်လည်း အလုပ်လုပ်ပြီး စိတ်နှစ်ထားပါ။ အရာရာအဆင်ပြေလာပြီး တစ်ယောက်ထဲ single အဖြစ်နဲ့လည်း ပျော်ရွှင်နိုင်လာမှာပါ။