ဆံပင်ရွှေဝါရောင်က အရောင်လှရင် လှသလို သင့်ကို ပိုထူးခြားသွားစေပါတယ်။ Glow Up Transformation လုပ်ချင်တဲ့ ပျိုမေတို့အတွက် ရွှေဝါရောင် ဆံပင်မျိုးက သင့်ပုံစံကို လုံးဝပြောင်းလဲသွားစေပါလိမ့်မယ်။ ဒီတော့ ရွှေဝါရောင်ဘက် သွားတဲ့ အရောင်မျိုး ဆိုးချင်တဲ့ ပျိုမေတို့အတွက် ရွေးချယ်နိုင်တဲ့ အရောင်လှလှလေးတွေနဲ့ သိထားသင့်တဲ့ အချက်တွေကို ဖော်ပြလိုက်ပါတယ်။

အဝါရောင် ရွေးချယ်တဲ့ နေရာမှာ ကိုယ့် အသားအရောင်နဲ့ လိုက်ဖက်တဲ့ အရောင်ကို ရွေးသင့်ပါတယ်။ သင်ကအသားဖြူရင် Ash Blonde ကို ရွေးသင့်ကာ အသားလတ်သူဆို Honey Blonde ကို ရွေးသင့်ပါတယ်။ အသားညိုသူတွေအနေနဲ့ Caramel Blonde က အဆင်ပြေမှာပါ။

ဆံသားနက်သူတွေအတွက် အဝါရောင် အရောင်ထွက်မှန်ချင်ရင် အရောင်ချွတ်ဆိုးသင့်ပါတယ်။

အရောင်ရိုးမယ်ထင်ရင် Highlight ဖောက်ဆိုးနိုင်ပါတယ်။

ဆံပင်သိပ်မထိန်းသိမ်းချင်ရင် Ombré Hair မျိုး ဆိုးသင့်ပါတယ်။ အဝါရောင်က သင့်ဆံပင်အရောင်နဲ့ လုံးဝမတူတာကြောင့် အရောင်ခဏခဏ ပြန်ညှိရတတ်ပါတယ်။ အရောင်မညှိချင်ရင်တော့ ဆံပင်အရင်းက နက်ကာ အဖျားရောက်မှ ဝါသွားမယ့် Ombré Hair မျိုး ဆိုးသင့်ပါတယ်။

ဆံပင်အရောင်ပြောင်းရင် သုံးတဲ့ Hair Product တွေကိုပါ ပြောင်းသင့်ပါတယ်။ အဝါအတွက် ထုတ်ထားတဲ့Shampoo, Conditioner ကို ရွေးသင့်ပါတယ်။

ဆံပင်အရောင်ဆိုးထားသူတွေက ဆံပင်ကို တစ်ပတ်တစ်ခါလောက် Treatment လုပ်သင့်ပါတယ်။ ပေါင်းဆေးနဲ့ 3 min ကနေ 5 min ပေါင်းတင်ထားနိုင်ပါတယ်။

Hair Mask တွေကိုလည်း အဝါရောင်ဆိုးပြီးနောက် သုံးသင့်ပါတယ်။

အရောင်ဆိုးပြီးနောက် ဆံပင် အပူထိတာကို ခဏနားထားသင့်ပါတယ်။

မိတ်ကပ်ဖျော့ဖျော့လေး ခြယ်ပါ။ ဆံပင်အဝါဆိုးပြီးနောက် မိတ်ကပ်လိမ်းတဲ့အခါ Mascara ကို အရောင်ဖျော့ဘက်ပြောင်းတာ၊ Brow Pencil ကို အရောင်အဖျော့ ရွေးတာမျိုး ပြောင်းလဲ သင့်ပါတယ်​။

Photo Source: Pinterest

By MyStyle Myanmar