Couple တွေအနေနဲ့ ခရီးသွားမယ်ဆိုရင် အမှတ်တရဖြစ်အောင် ဓာတ်ပုံလှလှလေးတွေ သေချာရိုက်ခဲ့သင့်ပါတယ်။ အထူးသဖြင့် လူငယ်လေးတွေဆိုရင် ခရီးသွားတဲ့အခါမှာ ဒီလိုချစ်စရာကောင်းတဲ့ couple ပုံလေးတွေကို ရိုက်ကြည့်သင့်ပါတယ်။

မေမြို့လိုနေရာမျိုးမှာပဲဖြစ်ဖြစ် ပန်းပင်လှလှရှိတဲ့နေရာအောက်မှာ ဒီလိုလေးရိုက်ကြည့်ပါ။ အရမ်းရိုဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။

ချစ်သူလက်ကိုဆွဲပြီး ပြေးနေတဲ့ပုံလေးတွေက ရိုက်လိုက်ရင် အရမ်းလှပါတယ်။ ခရီးသွားတဲ့အခါမှာ ရိုက်လို့အကောင်းဆုံးပါပဲ။

မပြေးချင်ရင် ဒီလိုလေးသာရိုက်ပါ။ အရမ်းချစ်ဖို့ကောင်းပြီး ရိုလွန်းပါတယ်။ ခရီးသွားရင် ဒီလိုပုံလေးတွေရိုက်တာက အရမ်းအမှတ်တရဖြစ်စေပါတယ်။

ကမ်းခြေသွားမယ်ဆိုရင် ကိုယ့်ကောင်လေးဆီ ပြေးလာနေတဲ့ပုံမျိုးလေး ရိုက်ကြည့်ပါ။ နေဝင်တဲ့အချိန်လေးတွေ sunset အချိန်လေးတွေမှာရိုက်ရင် ပိုပြီးတောင်လှပါသေးတယ်။

ဒီလိုပုံလေးတွေဆိုရင်လည်း အရမ်းချစ်ဖို့ကောင်းပြီး ရိုဆန်ပါတယ်။ ခရီးသွားအမှတ်တရလေးလည်း ဖြစ်စေပါတယ်။

တောင်တန်းတွေနောက်ခံထားပြီးပဲဖြစ်ဖြစ်၊ အရမ်းလှတဲ့လမ်းမနေရာမှာပဲဖြစ်ဖြစ် ဒီလိုလေးရိုက်ကြည့်ပါ။ အရမ်းချစ်စရာကောင်းပါတယ်။ ကြည့်လိုက်တာနဲ့ happy vibes လေး ရစေပါတယ်။

ကောင်မလေးနဲ့ လက်ချင်းတွဲပြီး ရယ်မောနေတဲ့ ဒီလိုပုံလေးတွေကလည်း ကြည့်လိုက်တာနဲ့ ကြည်နူးစရာကောင်းတာကြောင့် ခရီးသွားတဲ့အခါမှာ ရိုက်ခဲ့သင့်ပါတယ်။

တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရယ်မောနေတဲ့ပုံလေးတွေကို ဒီလိုလေးထိုင်ရိုက်ကြည့်ပါ။ ပိုပြီး ချစ်စရာကောင်းပါတယ်။

ရထားနားမှာ လမ်းလျှောက်နေတဲ့ပုံလေးတွေက couple တွေအတွက် ရိုက်လို့အကောင်းဆုံးပါပဲ။ ပုံထွက်အရမ်းချစ်ဖို့ကောင်းပါတယ်။

ရထားလမ်းမှာ ဒီလိုလေးပို့စ်ပေးပြီး ရိုက်တာမျိုးဆိုရင် အရမ်းချစ်ဖို့ကောင်းလို့ ရိုက်ကြည့်သင့်တဲ့ ပုံစံလေးပါပဲ။

ဘယ်နေရာကိုပဲသွားသွား ခရီးသွားရင် ကုန်းပိုးတဲ့ပုံလေးတွေက ရိုက်လို့အကောင်းဆုံးပါပဲ။ အထူးသဖြင့် အေးတဲ့နေရာဒေသလေးတွေမှာ ရိုက်လို့အကောင်းဆုံးပါပဲ။

Photo source:www.pinterest.com