မျက်နှာပေါ်က ကိုယ်မလိုချင်တဲ့ facial hair တွေကို ဖယ်ရှားပစ်နိုင်မယ့် လွယ်ကူသော သဘာဝနည်းလမ်း ၃ မျိုးကို မျှဝေပေးလိုက်ပါတယ်။ ဓားနဲ့ရိတ်ရင် facial hair တွေ ပိုများလာမလားဆိုပြီး ကြောက်နေတဲ့သူတွေအတွက်တော့ ဒီလိုနည်းလမ်းတွေက ပိုပြီးအသုံးဝင်ပါလိမ့်မယ်။

သကြားနဲ့သံပယိုရည်

သကြား – ၂ ဇွန်း၊ သံပယိုရည် – ၂ ဇွန်းနဲ့ ရေ – ၈ ဇွန်းတို့ကို ရောမွှေပြီး မီးဖိုပေါ်မှာ အပူပေးပြီးမွှေနေပါ။ ပွက်ပွက်ဆူလာရင် မီးဖိုပေါ်ကချပြီး အေးတဲ့အထိထားလိုက်ပါ။ ပြီးရင်တော့ ကိုယ်မလိုချင်တဲ့ facial hair တွေပေါ်မှာ လိမ်းထားပြီး မိနစ် ၃၀ ထားပါ။ အချိန်ပြည့်ရင် ရေအေးနဲ့ဆေးချလိုက်ပါ။ ဒီလိုလုပ်ပေးခြင်းက ကိုယ်မလိုချင်တဲ့ facial hair တွေကို ဖြေးဖြေးချင်းစီ ဖယ်ရှားပစ်နိုင်ပါတယ်။

Oatmeal နဲ့ ငှက်ပျောသီး

Oatmeal – ၂ ဇွန်းကို ငှက်ပျောသီးအမှည့်တစ်လုံးနဲ့ ရောချေပေးပါ။ ပျစ်ပျစ်လေးဖြစ်ပြီး ကြေညက်သွားပြီဆိုရင် ကိုယ်ဖယ်ရှားချင်တဲ့ facial hair တွေပေါ်မှာ ပွတ်ပေးပါ။ ဖြေးဖြေးချင်းစီပွတ်ပေးပြီး ရေနဲ့ပဲ ပြန်ဆေးချလိုက်ပါ။ ဒီနည်းလမ်းနဲ့လည်း facial hair တွေကို ဖယ်ရှားနိုင်ပါတယ်။

ကြက်ဥနဲ့ပြောင်းဂျုံ

ကြက်ဥကိုဖောက်ပြီး အနှစ်ကိုဖယ်ထုတ်ပါ။ အကာရည်ကိုပဲ ယူပါမယ်။ ကြက်ဥအကာရည်ကို ပြောင်းဂျုံနဲ့ ပျစ်ပျစ်လေးဖြစ်အောင် ရောမွှေပြီး ကိုယ်မလိုချင်တဲ့ facial hair တွေပေါ်မှာ ပွတ်လိမ်းပေးပါ။ ၅ မိနစ်၊ ၁၀ မိနစ်လောက် ထားပြီးရင်တော့ ရေကြက်သီးနွေးနဲ့ပဲ မျက်နှာသစ်လိုက်ပါ။ ဒီနည်းလမ်းနဲ့ ကိုယ်မလိုချင်တဲ့ facial hair တွေကို ဖယ်ရှားနိုင်ပြီး ဒီနည်းလမ်းနဲ့ပဲ ဝက်ခြံတွေကိုလည်း သက်သာအောင်လုပ်လို့ရပါတယ်။