အားလုံးပဲ မင်္ဂလာပါ။ ကိုယ်အလေးချိန်ကျဖို့ဆိုတာက အစားလျှော့စားရုံနဲ့ မရပါဘူးလေ့ကျင့်ခန်းပါ ပြုလုပ်ပေးရပါမယ်။ အထူးသဖြင့် ဝမ်းဗိုက်က အဆီတွေကျဖို့ဆိုရင် သင့်ရဲ့နေ့စဉ်ပြုလုပ်တဲ့ အမူအကျင့်ထဲမှာ တစ်နာရီခန့်လေ့ကျင့်ခန်းပြုလုပ်တဲ့ အလေ့အထကိုပါ ထည့်သွင်းပေးရပါမယ်။
ဝမ်းဗိုက်က အဆီပိုများကို ဖယ်ရှားပြီး ဝမ်းဗိုက်ပြားချပ်အောင် ကူညီပေးမယ့် လေ့ကျင့်ခန်းလေးတွေကို Gym မှာ သွားလုပ်စရာမလိုဘဲ မိမိဘာသာ အိမ်မှာပဲ ပြုလုပ်လို့ရမယ့် လွယ်ကူတဲ့လေ့ကျင့်ခန်းများကို ဝေမျှပေးလိုက်ပါတယ်။
လေ့ကျင့်ခန်း ၁
လေ့ကျင့်ခန်းပြုလုပ်တဲ့ ဖျာပေါ်မှာ လှဲလျောင်းလိုက်ပါ။ ဒူးကွေးထားမယ်၊ ပုံမှာပြထားတဲ့အတိုင်း ခြေထောက်ကို ၉၀ ဒီဂရီမြှောက်ထားပေးလိုက်ပါ။ လက်နှစ်ဖက်ကို ဦးခေါင်းနောက်မှာ ထားထားပါ။ အသက်ပြင်းပြင်းရှုသွင်းလိုက်ပြီး ရင်ဘက်အပေါ်ပိုင်းကို ကြွလိုက်မယ်၊ အသက်ရှုထုတ်မယ်။ ပြီးရင် ရင်ဘက်ပေါ်ပိုင်းကို ကြမ်းပြင်နဲ့ ကပ်အောင် ပြန်နေမယ်၊ ရင်ဘက် ကြွလိုက်တဲ့အချိန်မှာ အသက်ရှုသွင်းလိုက်ပါ။ ရင်ဘက်ကြွလိုက် ပြန်ချလိုက်နဲ့ ၁၀ ကြိမ်ပြုလုပ်ပါ။ ဒီလေ့ကျင့်ခန်းလေးကို ၁၀ ကြိမ် ၃ ကျော့ပြုလုပ်ပေးပါ။
လေ့ကျင့်ခန်း ၂
ဒီလေ့ကျင့်ခန်း အနေအထားကလည်း ခုနက လေ့ကျင့်ခန်းအနေအထားနဲ့ အတူတူပါပဲ။ ခြေထောက်အနေအထားပဲ ကွဲသွားပါလိမ့်မယ်။ ခြေထောက် နှစ်ဖက်ကို ယှက်ထားရမှာပါ။ အသက်ရှုသွင်းမယ်၊ ခန္ဓာကိုယ်ရဲ့ ရင်ဘက်အပေါ်ပိုင်းကို မလိုက်မယ်။ အသက်ရှုထုတ်မယ်၊ ကြမ်းပြင်ပေါ် နောက်ကျောပြန်ချတဲ့အခါ အသက်ပြန်ရှုလိုက်ပြီး ကြမ်းပြင်ပေါ်က ပြန်ကြွတဲ့အခါ အသက်ရှုထုတ်လိုက်ပါ။ ၁၂ ကြိမ်ကနေ ၁၅ ကြိမ်အထိ ပြုလုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းကိုလည်း ၃ ကျော့စီပြုလုပ်ပါ။
လေ့ကျင့်ခန်း ၃
လေ့ကျင့်ခန်းပြုလုပ်တဲ့ ဖျာပေါ်မှာ လှဲလျောင်းနေမယ်။ လက်နှစ်ဖက်ကို ခေါင်းအနောက်မှာ (သို့) ဘေးတစ်ဖက်တစ်ချက်စီမှာ ထားထားပါ။ ခြေထောက်တွေကို ကြမ်းပြင်ကနေ ကြွထားပြီး ကွေးထားပါ။ စက်ဘီးစီးနေတဲ့အနေအထားအတိုင်း ညာဒူးခေါင်းကို ရင်ဘက်ဆီ ဆွဲယူလိုက်ပြီး ဘယ်ခြေကို အဝေးပို့ပါ။ တစ်ဖန် ညာခြေကို အဝေးပို့ပြီး ဘယ်ဒူးခေါင်းကို ရင်ဘက်နဲ့နီးကပ်အောင် ဆွဲယူလိုက်ပါ။
လေ့ကျင့်ခန်း ၄
ပုံမှာပြထားတဲ့အတိုင်း လက်နဲ့ ခြေထောက်တွေကို ထောက်ထားပါ။ အသက်ပြင်းပြင်း ရှုသွင်းလိုက်တဲ့အချိန်မှာ ဝမ်းဗိုက်ကြွက်သားကို ချောင်သွားအောင် လျော့လိုက်ပါ။ အသက်ရှုထုတ်လိုက်တဲ့အချိန်မှာ ဝမ်းဗိုက်ကြွက်သားများကို တင်းကြပ်အောင် ပြုလုပ်လိုက်ပါ။ ဝမ်းဗိုက်တင်းကြပ်နေတဲ့အနေအထားအတိုင်း ၁၅ စက္ကန့် (သို့) စက္ကန့် ၃၀ ခန့် တောင့်ထားပါ။ တကယ်လို့ သင့်မှာ နှလုံးအားနည်းခြင်း၊ အဆုတ်အားနည်းပါက ဒီလေ့ကျင့်ခန်း မပြုလုပ်ပါနဲ့။
Source: Stylecraze.com