ကိုယ်တင်တဲ့ ပုံတစ်ပုံက တခြားသူထက် ပိုထူးခြားနေမယ်ဆိုရင် Like, Comment ပိုရဖို့ ကျိန်းသေပါတယ်။ ဓာတ်ပုံရိုက်တယ်ဆိုမှတော့ ထူးထူးခြားခြားလေး ဖြစ်နေရင် ပိုကောင်းပါတယ်။ လူတွေ စိတ်ဝင်စားမှုခံရတဲ့ ဓာတ်ပုံတိုင်းမှာ တစ်ခုခုတော့ ထူးခြားမှုရှိတတ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အားလုံးရဲ့ အာရုံစိုက်မှုကို ခံရစေမယ့် ပို့စ်ပေးနည်းတွေကို ဖော်ပြလိုက်ပါတယ်။

၁။ ကင်မရာကို တိုက်ရိုက်ကြည့်ပါ

သင်က ကင်မရာကို စိုက်ကြည့်ရဲတယ်ဆိုရင် စိုက်သာကြည့်ပါ။ တည့်တည်စိုက်ကြည့်တာတင်မက ဘေးစောင်း ပို့စ်ပေးတဲ့အခါမှာလည်း ကင်မရာဆီ တည့်တည့်ကြည့်သင့်ပါတယ်။ ဒီလိုပို့စ်ပေးလိုက်တာက သင့်ကို ရဲရင့်ပြီး ဆွဲဆောင်မှု ရှိတဲ့ မိန်းကလေး တစ်ဦး ဖြစ်စေပါတယ်။

၂။ သက်တောင့်သက်သာ ဖြစ်တာကို ဝတ်ပါ

လှတယ်ဆိုတိုင်း သင့်ခန္ဓာကိုယ်မှာ သက်တောင့်သက်သာ ဖြစ်ချင်မှ ဖြစ်မှာပါ။ လှတာကို ဒုတိယ ဦးစားပေးကာ ပထမဆုံးအနေနဲ့ ပို့စ်မပေးခင် သင်ဝတ်တဲ့ ဝတ်စုံက သင် သက်တောင့်သက်သာ ဖြစ်တာကို ဦးစားပေး ရွေးချယ်သင့်ပါတယ်။

၃။ ဓာတ်ပုံ Frame ကို အပြည့်ဖြည့်ပါ

သင့်ဓာတ်ပုံ Frame ကို သင့်ခန္ဓာကိုယ်နဲ့ အပြည့်နေရာယူသင့်ပါတယ်။ ဒီလိုယူလိုက်တာက သင့်ဆီမှာပဲ Attention အပြည့် ရစေပါတယ်။

၄။ တြိဂံပုံစံ

လက်ကို ကွေးကာ အပေါ် ခေါင်းပေါ်မှာ တြိဂံပုံစံရအောင် ထားတာ၊ တခြား တြိဂံပုံစံ ဖြစ်စေတဲ့ ပုံစံမျိုး ပို့စ်ပေးတာက သင့်ခန္ဓာကိုယ်ကို ပိုကြည့်ကောင်းစေပါတယ်။

၅။ ခြေထောက်ကို အားပြုတာ

တင်ပါးကို တစ်ဘက် ကွေးထားကာ ခြေထောက်ကို အားပြုတာ၊ ဒူးကွေးထားကာ ခြေထောက် အားပြုတာ စတဲ့ ပို့စ်တွေက သင့်ခန္ဓာကိုယ်ကို ပိုလှစေပြီး Attention ပိုရစေပါတယ်။

၆။ အဝတ်အစားနဲ့ လှည့်စားပါ

အဝတ်အစား လှလှလေး ဝတ်ထားတယ်ဆိုရင် ဒါကို သင့်လက်နဲ့ ကိုင်ထားတာ၊ ဆွဲတင်နေတဲ့ပုံစံက အာရုံစိုက်မှု ပိုခံရပြီး သင့်အဝတ်အစားကို ပိုပေါ်လွင်စေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar