ဓာတ်ပုံရိုက်ပေးမယ့်သူမလိုပဲနဲ့ အိမ်မှာတစ်ယောက်ထဲ အေးဆေးရိုက်လို့ရမယ့် ပို့စ်အိုင်ဒီယာတွေနဲ့ ရိုက်နည်းတွေကို မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့ သူတွေအတွက်တော့ အရမ်းကိုအသုံးဝင်စေမှာပါ။

အိမ်မှာ တစ်ယောက်ထဲ selfie ပုံလှလှလေးတွေ အများကြီးရိုက်လို့ရပါတယ်။ ဖုန်းထောင်ပြီးသာ timer နဲ့ရိုက်ပါ။ ဒီပို့စ်လေးတွေဆိုရင် ရိုးရိုးလေးနဲ့ အရမ်းလှပါတယ်။

ဒီပို့စ်လေးတွေကတော့ လူငယ်ဆန်ပြီးချစ်ဖို့ကောင်းတဲ့ selfie ပို့စ်လေးတွေပါပဲ။ ပြတင်းပေါက်နား၊ lightening ကောင်းတဲ့နေရာလေးမှာရိုက်ရင် ပိုပြီးလှမှာပါ။

Sexy ဆန်ဆန်လေးရိုက်ချင်ရင်တော့ အိမ်မှာ တစ်ယောက်ထဲ ring light လေးနဲ့သာ ရိုက်ပါ။ ပိုလှပါတယ်။ ပို့စ်ကတော့ ဒီလိုမျိုးလေးတွေ အများကြီးလုပ်လို့ရပါတယ်။

Ring light ရှိရင် selfie တင်မဟုတ်ဘူး တစ်ကိုယ်လုံးပုံတွေရော၊ အထာကျကျလေး ပို့စ်ပေးပြီးတော့ရော တစ်ယောက်ထဲရိုက်လို့ရပါတယ်။ ဘယ်သူ့အကူအညီမှတောင် မလိုပါဘူး။ ပို့စ်မပေးတတ်ရင်လည်း ဒီပို့စ်အိုင်ဒီယာလေးတွေကို အသုံးချလို့ရပါတယ်။

အိမ်မှာတစ်ယောက်ထဲ mirror selfie ပို့စ်အမိုက်စားတွေ ရိုက်လို့လည်းရပါတယ်။ ခုံတစ်လုံးနဲ့ မှန်တစ်ချပ်ပဲ လိုပါတယ်။

Crazy ပို့စ်လေးတွေရိုက်ချင်ရင် အိမ်မှာ၊ ကိုယ့်အခန်းထဲမှာ ဒီလိုလေးတွေပို့စ်ပေးပြီး ရိုက်ကြည့်ပါ။ တစ်ခါတစ်လေကျရင် ဒီလိုပုံလေးတွေက ပိုပြီးချစ်ဖို့ကောင်းပါတယ်။

မိတ်ကပ်လှလှလေးပြင်ထားရင် မိတ်ကပ်အသားပေးတဲ့ ဒီလိုပို့စ်ပေးတွေကို ရိုက်ကြည့်ပါ။ ဆွဲဆောင်မှုရှိပြီး အရမ်းလှပါတယ်။

မျက်မှန်လေးနဲ့ ဒီလိုလေးတွေရိုက်တာဆိုလည်း အထာကျပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။ ဒီလိုရိုက်တာမျိုးတွေဆိုရင် အခန်းထဲမှာရိုက်တာက ပိုလှပါတယ်။

ချစ်ဖို့ကောင်းတဲ့ cute type လေးဆိုရင်တော့ ဒီလိုပို့စ်လေးတွေကိုသာ try ကြည့်ပါ။ Ring light လေးနဲ့ရိုက်ရင် ပိုပြီးလှပါလိမ့်မယ်။

photo source:www.pinterest.com