သင့်အနေနဲ့ ex ကို မမေ့နိုင်ပဲ ပြန်လိုချင်နေသေးတယ်၊ သူနဲ့ပြန်ပြီးတွဲချင်သေးတယ်ဆိုရင် ဒီအချက် ၅ ချက်ကိုတော့ သေချာပြန်စဉ်းစားဖို့လိုပါတယ်။

ကိုယ့်အပေါ်ကောင်းခဲ့လား

အရေးအကြီးဆုံးကတော့ ex ကို ပြန်လိုချင်တယ်ဆိုရင် သူက ကိုယ့်အပေါ်ကောင်းခဲ့လို့လားဆိုတာကို စဉ်းစားပါ။ ကိုယ့်အပေါ်မကောင်းခဲ့တဲ့သူဆိုရင် သူနဲ့ပြန်တွဲပြီးတော့ ကိုယ်ပဲစိတ်ဆင်းရဲရမှာပါ။ ကိုယ့်အပေါ် မကောင်းမှန်းသိရက်နဲ့တော့ ပြန်မလိုချင်ပါနဲ့တော့။ ကိုယ့်ကိုယ်ထပ်ပြီး နှိပ်စက်မနေပါနဲ့တော့။

သူကရောချစ်သေးလို့လား

ကိုယ်ကသာပြန်လိုချင်နေတာ၊ မမေ့နိုင်ဖြစ်ပြီး သူနဲ့ပြန်တွဲချင်နေတာ သူကတော့ ကိုယ့်ကိုယ်တောင်ချစ်သေးရဲ့လား၊ နောက်တစ်ယောက်တောင် ရနေပြီလားဆိုတာကို သေချာပြန်စဉ်းစားပါ။ ကိုယ်ပဲခံစားရမယ့်အလုပ်တွေ မလုပ်ပါနဲ့။

ပြန်တွဲရင်ရေရှည်မှာအဆင်ပြေပါ့မလား

သူနဲ့ကိုယ်နဲ့တွဲခဲ့တုန်းက အဆင်ပြေခဲ့လား၊ ပြဿနာတွေပဲ ဖြစ်ခဲ့ကြတာလာ၊ အဆင်မပြေခဲ့လို့ လမ်းခွဲခဲ့တာဆိုရင် ပြန်တွဲရင်ကော ရေရှည်မှာ အဆင်ပြေပါ့မလားဆိုတာကို စဉ်းစားသင့်ပါတယ်။ အဆင်မပြေနိုင်တာကိုသိရက်နဲ့ စိတ်အလိုလိုက်ပြီး ပြန်တွဲရင်လည်း ကိုယ်ပဲပူလောင်နေရမှာပါ။

ကိုယ့်စိတ်ကိုရောပြင်နိုင်ရဲ့လား

သူ့ပုံစံကိုမကြိုက်လို့ လမ်းခွဲခဲ့ပြီးမှ ပြန်လိုချင်တယ်ဆိုရင် သူ့ပုံစံကို လက်ခံပေးနိုင်မှာလား၊ ကိုယ့်စိတ်ကို ပြင်နိုင်မှာလား၊ ကိုယ်က အရမ်းချစ်လို့ ပြန်တွဲမယ်ဆိုရင်တောင်မှ သူ့စိတ်တိုင်းကျ ကိုယ်နေပေးနိုင်ပါ့မလား စတာတွေကိုလည်း ပြန်စဉ်းစားသင့်ပါတယ်။

ဘာကြောင့်ပြန်လိုချင်နေတာလဲ

Ex ကို ဘာကြောင့် ပြန်လိုချင်နေတာလဲဆိုတာကိုပါ စဉ်းစားဖို့လိုပါတယ်။ သူ့ကိုအရမ်းချစ်လို့လား၊ ဒါမှမဟုတ် သူမရှိရင် မနေနိုင်လို့လား စတာတွေကို သေချာပြန်စဉ်းစားကြည့်ပါ။ သူမရှိပဲမနေနိုင်လို့ ပြန်လိုချင်တာဆိုရင်တော့ ကြိုးစားပြီးနေလိုက်ပါ။ အချိန်ပဲလိုပါတယ်။ အားတဲ့အချိန်မရှိအောင်နေရင် ဘာမှတွေးနေမိတော့မှာမဟုတ်လို့ အချိန်ကြာလာရင် သူမရှိလည်း နေနိုင်သွားပါလိမ့်မယ်။