မိန်းကလေးတွေ hair gel သုံးတာကတော့ နည်းပါတယ်။ ဒါပေမယ့် ဆံပင်ပုံသွင်းချင်တဲ့အခါမှာဆိုရင်တော့ သုံးလေ့ရှိကြပါတယ်။ သုံးပြီးရင် နောက်နေ့ကျ ခေါင်းလျှော်လိုက်တာက ပိုကောင်းပါတယ်။ ခဏခဏ hair gel တွေသုံးတာများလာရင် မိန်းကလေးမှမဟုတ်ပါဘူး ယောင်္ကျားလေးဆိုလည်း ဦးရေပြားနဲ့ဆံသားမှာ ဒီလို side effect တွေ ဖြစ်လာနိုင်ပါတယ်။

ဆံသားခြောက်သွေ့ခြင်း

Hair gel တွေမှာက alcohol နဲ့ corrosive chemicals တွေပါလို့ ဆံသားနဲ့ ဦးရေပြားကို ခြောက်သွေ့စေတယ်။ Moisture ပေးမှုတွေလျော့နည်းလာပြီး dehydrate ဖြစ်လာပါတယ်။ အဲ့လိုဖြစ်ခြင်းရဲ့ နောက်ဆက်တွဲကတော့ ဦးရေပြားတွေယားလာတာပါပဲ။ ဆံပင်တွေကလည်း ခြောက်ပြီး ကြမ်းလာတာမျိုး၊ ကျွတ်ဆပ်တာမျိုးတွေ ဖြစ်လာပါတယ်။

ဆံပင်ကျွတ်ခြင်း

အဲ့ gel တွေက ဆံသားနဲ့ဦးရေပြားကို dehydrate ဖြစ်စေလို့ ဆံပင်တွေပျက်ထွက်တာ၊ ဆံပင်ကျွတ်တာတွေ ဖြစ်လာပါတယ်။ တစ်ခါတစ်လေဆိုမသိသာပေမယ့် hair gel ခဏခဏသုံးရင်တော့ ဆံပင်ကျွတ်တာက သိသာလာပါလိမ့်မယ်။

ဗောက်ထခြင်း

အပေါ်မှာပြောခဲ့တာတွေလိုပဲ gel သုံးရင် ဦးရေပြားခြောက်တဲ့အတွက် ဗောက်ထလာပါမယ်။ ဦးရေပြားယားယံလာပြီး ကြည့်လိုက်တိုင်း ခေါင်းမှာ အဖြူမှုန်လေးတွေ ဖြစ်နေမှာပါ။ အဲ့တာဗောက်တွေပါပဲ။ အခန့်မသင့်ရင် ဦးရေပြားမှာ ဝက်ခြံပေါက်တာမျိုးလေးတွေတောင် ဖြစ်တတ်ပါသေးတယ်။

ဆံသားပျက်စီးခြင်း

နောက်ဆုံးကတော့ hair gel တွေ ခဏခဏသုံးရင် ဆံပင်ပျက်စီးပါမယ်။ အဖျားနှစ်ခွဖြစ်တာတွေ၊ ဆံပင်ပါးတာတွေ၊ ဆံသားအရောင်ပြောင်းတာတွေ ဖြစ်လာပါမယ်။ ဆံသားအရောင်ပြောင်းတယ်ဆိုတာကတော့ ဆံပင်ဖြူတာပါ။ ဆံပင်အဖြူမြန်လာပါမယ်။ ဆံသားနဲ့ဦးရေပြားက လိုအပ်တဲ့အာဟာရဓာတ်တွေ moisture တွေ ဆုံးရှုံးစေတဲ့အတွက် ဆံသားပျက်စီးလာမှာပါပဲ။