အလှကြိုက်တဲ့ကောင်မလေးတိုင်း ကမ်းခြေသွားတဲ့အခါမှာ အလှဆုံးဖြစ်နေစေဖို့အတွက် အရမ်းလှတဲ့ ဖက်ရှင်အမိုက်စားလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကမ်းခြေသွားလို့ အရမ်းပေါ်တဲ့ swimsuit တွေမဝတ်ရဲရင် ဒီလို dress လေးတွေဝတ်ပါ။ ကမ်းခြေနဲ့အရမ်းလိုက်ဖက်ပြီး လှနေမယ့် ဖက်ရှင်လေးပါပဲ။

ကြိုးတစ်လုံးဂါဝန်ရှည်လေးတွေဆိုရင် ကမ်းခြေသွားတိုင်း မဖြစ်မနေဝတ်သင့်တဲ့ ဖက်ရှင်လေးပါ။ အရမ်းလှပြီး ကမ်းခြေနဲ့လိုက်ဖက်နေမှာပါ။

အမိုက်စားလေးဝတ်ချင်တဲ့သူတွေဆိုရင် swimsuit လေးဝတ်ပြီး အပေါ်ကနေ boyfriend shirt လေးတွေထပ်ဝတ်ပါ။ အရမ်းမိုက်ပြီး ဖက်ရှင်ကျနေမှာသေချာပါတယ်။

ဒီလို bra လှလှလေးကို pants အရှည်လေးတွေနဲ့ တွဲဝတ်တာမျိုးဆိုရင်လည်း အရမ်းလှပြီး အရမ်းမိုက်ပါတယ်။ အခုနောက်ပိုင်းမှာခေတ်စားလာမယ့် ဖက်ရှင်လေးပါ။ ကမ်းခြေနဲ့လိုက်ဖက်နေတာပါပဲ။

Crochet top လှလှလေးတွေကို pants အရှည်လေးတွေနဲ့ တွဲဝတ်ရင်လည်း အရမ်းလှပါတယ်။ ကမ်းခြေမှာဝတ်လို့ အရမ်းမိုက်မယ့် ဖက်ရှင်လေးပါ။

Crochet လေးတွေက နောက်ပိုင်းမှာ အရမ်းခေတ်စားလာတာကြောင့် ကမ်းခြေသွားမယ်ဆိုရင် Crochet ဝမ်းဆက်လေးတွေလည်း ဝတ်ကြည့်ပါ။ တစ်မျိုးလေးဆန်းပြီး အရမ်းလှနေမှာ သေချာပါတယ်။

ဒီလိုအဖြူလေးရောင် shoulder off jumpsuit လေးတွေ dress လေးတွေက ကမ်းခြေဖက်ရှင်လို့တောင် ပြောလို့ရပါတယ်။ ပင်လယ်ပြာနဲ့ အဖြူလေးနဲ့ အရမ်းကိုလှနေမှာပါ။

ဒီလိုစကပ်လေးတွေဆိုလည်း အလွင့်လေးမိုပ ကမ်းခြေနဲ့အရမ်းလိုက်ဖက်ပါတယ်။ အပေါ်ကနေ top လှလှလေးတွေနဲ့သာ တွဲဝတ်လိုက်ပါ။

Pants အရှည်လေးတွေဝတ်မယ်ဆိုရင် ဒီလို top လေးတွေနဲ့တွဲဝတ်တာကလည်း ကမ်းခြေနဲ့လိုက်ဖက်တဲ့ ဖက်ရှင်လေးပါပဲ။ စတိုင်လ်ကျပြီး လှနေမယ့်ပုံစံလေးပါ။

ဒီလိုအမိုက်စားဝမ်းဆက်လှလှလေးတွေဆိုလည်း ကမ်းခြေသွားရင် ထုတ်ဝတ်ပစ်ပါ။ အရမ်းလှပြီးမိုက်နေမှာ သေချာပါတယ်။

Photo source:www.pinterest.com