တင်းတိတ်တွေထွက်လာလို့ စိတ်ညစ်နေတဲ့သူတွေအတွက် တင်းတိတ်တွေသက်သာပြီး လျော့ပါးလာအောင် လုပ်လို့ရမယ့် နည်းလမ်းကောင်း ၄ မျိုးကို မျှဝေပေးလိုက်ပါတယ်။ တင်းတိတ်ဆိုတာမျိုးကတော့ ချက်ချင်းကြီးအရှင်းပျောက်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကိုယ်အဆင်ပြေတဲ့နည်းလမ်းတွေနဲ့ သေချာ care လုပ်ပြီး ဖြေးဖြေးချင်းစီ သက်သာလျော့ပါးလာအောင် လုပ်ပေးပါ။
Sunscreen လိမ်းပါ
တင်းတိတ်ထွက်လာရတဲ့ အဓိကအကြောင်းအရင်းကတော့ sunscreen သေချာမလိမ်းခဲ့လို့ပါ။ ဒါကြောင့် အသက် ၃၀ ကျော်လာရင် တင်းတိတ်တွေ ထွက်လာကြတာ များပါတယ်။ Sunscreen လိမ်းလို့ တင်းတိတ်ပျောက်မှာမျိုးတော့ မဟုတ်ပေမယ့် ပိုများမလာအောင်တော့ လုပ်ပေးနိုင်ပါတယ်။ ဒီထက်ပိုပြီး အသားအရေပျက်စီးလာတာမျိုး မဖြစ်ရအောင် sunscreen အမြဲလိမ်းပေးပါ။
Retinoid cream
Retinoid cream က vitamin A compound တစ်ခုပါပဲ။ Retinoid cream ကို လိမ်းပေးရင် နေရောင်ခြယ်ဒဏ်ကြောင့် အသားအရေပျက်စီးတာတွေကို ပြန်လည်ကောင်းမွန်စေပြီး တင်းတိတ်တွေကို မှေးမှိန်လာအောင် လုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် retinoid စသုံးမယ်ဆိုရင် အားပျော့တာလေးက စပြီးသုံးပေးပါ။
Chemical peel
Clinic တွေမှာ chemical peel လုပ်ပေးမယ်ဆိုရင်လည်း တင်းတိတ်နဲ့အမဲစက်တွေ ပါးသွားစေပါတယ်။ ကိုယ့်အသားအရေ ထိခိုက်ပျက်စီးမှုမရှိအောင် clinic တွေမှာ သေချာတိုင်ပင်ပြီးမှလုပ်တာက ပိုကောင်းပါတယ်။
Laser treatment
အားလုံးထဲမှာ အမြန်ဆုံးနဲ့အထိရောက်ဆုံးကတော့ laser ပစ်တာပါပဲ။ တင်းတိတ်တွေအမြန်ပျောက်ပါမယ်။ ကိုယ်ကတတ်နိုင်တယ်ဆိုရင်တော့ တင်းတိတ်ပျောက်အောင် laser ပစ်လို့ရပါတယ်။ ဒါပေမယ့် လူတစ်ယောက်မှာ မျက်နှာက အရမ်းအရေးကြီးတာမို့ တစ်စုံတစ်ခု မှားယွင်းတာမျိုးမဖြစ်ရအောင် လုပ်မယ်ဆိုရင်လည်း ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ clinic တွေမှာပဲလုပ်သင့်ပါတယ်။