မိန်းကလေးတွေအတွက် ဒီတစ်ခါမှာတော့ ဘောင်းဘီရှည်လေးတွေနဲ့ ဓာတ်ပုံရိုက်တဲ့အခါမှာ ကျော့မော့ပြီးလှနေစေမယ့် ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။
ထိုင်ခုံရှိရင် ဒီလိုလေးထိုင်ပြီးသာရိုက်ပါ။ ဘေးတစ်စောင်းအနေအထားနဲ့နေပြီး ဆံပင်လေးတွေကို အနောက်မှာချထားပါ။ ကြည့်ရတာကျော့မော့ပြီး လှနေစေပါတယ်။ ဆွဲဆောင်မှုလည်းရှိစေပါတယ်။
မတ်တပ်ရပ်ရိုက်မယ်ဆိုရင် ဒီပို့စ်လေးက အရမ်းလှပါတယ်။ ကိုယ်ဝတ်ထားတဲ့ဖက်ရှင်ကို ပေါ်လွင်စေပြီး gorgeous ဖြစ်စေပါတယ်။
သေးသေးသွယ်သွယ်လေးတွေဆိုရင် ဒီလိုပို့စ်လေးပေးပြီး ရိုက်ကြည့်ပါ။ body လေးပေါ်ပြီး အရမ်းလှပါတယ်။
Coat လေးတွေနဲ့ smart ကျကျလေး ဝတ်ထားပြီဆိုရင်တော့ ဒီလိုလေးသာ ပို့စ်ပေးရိုက်ကြည့်ပါ။ smart ကျပြီး ကျော့ကျော့မော့မော့လေးနဲ့ အရမ်းလှပါတယ်။
Sneakers လေးတွေစီးထားရင်လည်း အထာကျကျပို့စ်တွေမလုပ်ပဲ ဒီလိုလေးပို့စ်ပေးရိုက်ရင် ကျော့မော့ပြီးလှတဲ့ပုံစံလေး ဖြစ်စေပါတယ်။
ဆံပင်သပ်နေတဲ့ပို့စ်လေးတွေ၊ ဆံပင်လှန်တင်နေတဲ့ပို့စ်လေးတွေက မိန်းကလေးတွေအတွက်တော့ အရမ်းဆွဲဆောင်မှုရှိပြီး လှပါတယ်။
ဒီပို့စ်လေးဆိုရင် super model ပို့စ်လေးနဲ့ ကျော့မော့ပြီး အရမ်းလှသလို ဆွဲဆောင်မှုလည်းရှိပါတယ်။
ထိုင်ခုံတစ်ခုံတွေ့လို့ ထိုင်ပြီးမရိုက်ချင်ရင်လည်း ခြေထောက်တစ်ဖက်တင်ပြီး ဒီလိုလေးသာ ပို့စ်ပေးလိုက်ပါ။ အရမ်းလှပြီး ဆွဲဆောင်မှုရှိစေပါတယ်။
ထိုင်ခုံမှာထိုင်ပြီးရိုက်မယ်ဆိုရင်လည်း ဒီတိုင်းကြီးထိုင်ပြီး ကင်မရာကိုကြည့်နေတာမျိုး၊ ပြုံးကြည့်ပြီးရိုက်တာမျိုးတွေ မလုပ်ပါနဲ့တော့။ အဲ့လိုပို့စ်တွေက ရိုးနေပါပြီ။ ထိုင်ခုံအစပ်လေးမှာထိုင်ပြီး ဒီလိုလေးပို့စ်ပေးကြည့်ပါ။ အရမ်းလှတဲ့ပုံကောင်းလေး ထွက်လာပါလိမ့်မယ်။
Photo source:www.pinterest.com