အားလုံးပဲ့ မင်္ဂလာပါနော် အလှပဂေးလေးတွေရေ…လှပကျန်းမာတဲ့အသားအရေလေးကို ပိုင်ဆိုင်ဖို့အတွက် အသားအရေထိန်းသိမ်းတဲ့သူတွေအတွက် မိတ်ကပ်ဖျက်ပေးဖို့ကလည်း သိပ်ကိုအရေးကြီးပါတယ်။ မိတ်ကပ်မဖျက်ပေးဘူးဆိုရင်တော့ သင့်အသားအရေကို ထိခိုက်ပျက်စီးပြီး ဘယ်လိုမှ လှပစိုပြေတဲ့အသားအရေကို ရရှိမှာမဟုတ်ပါဘူး။ လိမ်းထားတဲ့ မိတ်ကပ်လေးတွေကို သေချာပြောင်အောင်ဖျက်ပေးပြီး အိပ်ယာဝင်ပေးဖို့လိုအပ်ပါတယ်။

မိတ်ကပ်ဖျက်တဲ့အခါ ဘေးထွက်ဆိုးကျိုးကင်းကင်းနဲ့ မိတ်ကပ်ကို စင်အောင်ဖျက်ပြီး အသားအရေထိန်းသိမ်းနိုင်ဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်နော်။

၁။ မျက်လုံးမိတ်ကပ်ကိုဖျက်ပါ

သင့်မျက်လုံး မိတ်ကပ်တွေကို နူးညံ့တဲ့ မိတ်ကပ်ဖျက်ဆေးနဲ့ ဝါဂွမ်းလေးတွေသုံးပြီး သေချာဖျက်ပေးပါ။

၂။ ရေနွေးသုံးပါ

ရေနွေးနွေးလေးကို သုံးတာဟာ ချွေးပေါက်ပွင့်စေပြီး အညစ်အကြေးတွေကို သေချာသန့်စင်ပေးနိုင်ပါတယ်။

၃။ ဖောင်ဒေးရှင်းတွေကိုဖျက်ပါ

သင့်ရဲ့ ဖောင်ဒေးရှင်းတွေကိုလည်း သေချာလေး ဖျက်ပေးလိုက်ပါ။ ပြီးရင်တော့ ဆပ်ပြာနဲ့ သေချာမျက်နှာသစ်ပေးရပါမယ်။

၄။ နှုတ်ခမ်းနီကိုဖျက်မယ်

အုန်းဆီ (သို့) Lip Balm နည်းနည်းလိမ်းပေးလိုက်ပြီး သေချာလေးပွတ်ပေးလိုက်ပါ။ ပြီးရင်တော့ တစ်ရှုးလေးသုံးပြီး ဖျက်ပေးလိုက်ပါ။

၅။ နှုတ်ခမ်းသားနူးညံ့နေအောင်

နှုတ်ခမ်းသားလေး နူးညံ့နေစေဖို့အတွက် သကြားနဲ့ ပျားရည် (သကြားနဲ့ ရေနည်းနည်းရောလည်းရပါတယ်) နည်းနည်းရောပြီး နှုတ်ခမ်းကို ၅ မိနစ်လောက် သေချာလေး ပွတ်ပေးလိုက်ပါ။ ဆဲလ်သေတွေဖယ်ရှားပေးပြီး နှုတ်ခမ်းသားကို နူးညံ့နေစေမှာဖြစ်ပါတယ်။

၆။ မျက်နှာသစ်ပြီး Moisturizer လိမ်းပါ

မျက်နှာကို မျက်နှာသစ်ဆပ်ပြာနဲ့ သေချာသစ်ပေးပြီးMoisturizer လိမ်းပေးရပါမယ်။

ညအိပ်ယာဝင်ခါနီးတိုင်း အထက်မှာဖော်ပြထားတဲ့နည်းလမ်းလေးတွေကို အသုံးပြုပေးပါနော်။