ကိုယ်လိုအပ်နေချိန်မှာ နှစ်သိမ့်အားပေးပြီး ပြုံးရွှင်အောင်လုပ်ပေးတဲ့ အပေါင်းအဖော်သူငယ်ချင်းတွေရှိတာ၊ ကိုယ့်ဘဝရဲ့အရေးကြီးဆုံး အခိုက်အတန့်တွေကို ဝေမျှနိုင်မယ့်သူရှိတာဟာ ဘဝမှာ လိုချင်လွန်းလို့ တောင့်တတိုင်း မရနိုင်တဲ့ ဆုလာဒ်ကောင်းတစ်ခုပါ။

တချိန်တည်းမှာပဲ ကိုယ့်ရဲ့အချိန်နဲ့ ပင်ကိုယ်လက္ခဏာတွေကို တလေးတစားရှိပေးမယ့် တစ်စုံတစ်ယောက်က ကိုယ့်အနားမှာရှိတဲ့ ခံစားခွင့်ထူးက လူတိုင်းမပိုင်ဆိုင်နိုင်ကြပါဘူး။

ဒါကြောင့် အခုလိုမျိုး သူငယ်ချင်းကောင်းတွေ ကိုယ့်အနားမှာရှိနေပြီဆိုရင် တန်ဖိုးထားပြီး အပြည့်အဝခံစားလိုက်ပါ။ ဒီဆောင်းပါးလေးထဲမှာတော့ Samuel ဆိုတဲ့ မူလတန်းကျောင်းဆရာက ဒစ်စနေးဇာတ်ကောင်တွေကို အထူးသူငယ်ချင်းလေးတွေအဖြစ်ဖန်တီးကာ သူ့တစ်နေ့တာဘဝမှာ ဘယ်လိုမျိုးတွေထည့်သွင်းထားသလဲဆိုတာကို MyStyle Myanmar ကနေပြီး ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Photo Credit samuelmb1991