ကိုယ်တစ်ဖက်သတ်ချစ်နေရတဲ့သူက ကိုယ့်ကို ပြန်ချစ်လာတဲ့ခံစားချက်က ဒီကမ္ဘာပေါ်က အကောင်းဆုံးအရာတွေထဲက တစ်ခုပဲ့ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ကို ပြန်မချစ်နိုင်တဲ့လူတစ်ယောက်ကို ချစ်မိတဲ့အချိန်မှာတော့ တကယ့်ကိုစိတ်ပင်ပန်းရပါတယ်နော်။ ကိုယ့်ဘက်က စချစ်မိတယ်ဆိုရင် ပိုပြီးတောင်ခံစားရပါသေးတယ်။ ကိုယ့်ကိုချစ်လာအောင်လုပ်ဖို့လည်း တကယ်တော့ ခက်ခဲလှပါတယ်။ ဒါပေမဲ့ စိတ်မပျက်ပါနဲ့နော် ဘာလို့လဲဆိုတော့ အခုပြောပြပေးချင်တဲ့အကြောင်းအရာလေးက ကိုယ်ချစ်နေရတဲ့လူက ကိုယ့်ဆီစိတ်လည်လာပြီး ပြန်ချစ်လာဖို့ ပြုလုပ်နိုင်တဲ့လှည့်ကွက်လေးတွေပဲ့ဖြစ်ပါတယ်။ အဲ့ဒါလေးတွေကတော့-
ယောကျာ်းတွေက ခက်ခဲတာကို ပိုသဘောကျတယ်
ခက်ခက်ခဲခဲရတဲ့အရာကိုမှ လူတွေက တန်ဖိုးထားတတ်ပါတယ်။ အမြဲချေနေရမယ်လို့မဆိုလိုပါဘူး။ ချေသင့်တယ်အချိန်ဆိုရင် ချေလိုက်ပါ။
သူ့အရင်ရည်းစားဟောင်း
သူ့ရဲ့အရင်ရည်းစားဟောင်းနဲ့ ပုံစံတူအောင် ကြိုးစားပါ။ ဒါက အဓိပ္ပာယ်မရှိဘူးလို့ ပြောစရာပါပဲ။ ဒါပေမဲ့ လူတစ်ယောက်က အခြားတစ်ယောက်ကို စိတ်မဝင်စားခင် အရင်လူတွေနဲ့ နှိုင်းယှဉ်တတ်ပါတယ်။ သူ့အချစ်ကို လိုချင်ရင်တော့ ကြိုးစားရမှာပါပဲ။
အမြဲစိတ်ညစ်မပြပါနဲ့
ဘယ်သူမှ အချိန်တိုင်း ငြီးငြူနေသူကို မကြိုက်ပါဘူး။ သင်ကိုယ်တိုင်လည်း အဲ့လိုငြီးငြူတတ်သူမဟုတ်ပါဘူး။ ဒါပေမဲ့ ဘယ်အချိန် အမြဲစိတ်ညစ်တတ်ပြလဲဆိုတော့ ကိုယ့် Crush က ကိုယ့်ကို စိတ်မဝင်စားတဲ့အချိန်ပါ။ စိတ်ညစ်တဲ့ Post တွေတင်တယ်၊ Profile တွေချိန်းတယ်။ အမြဲ Feel ပြတယ်။ ဒါတွေဟာ ငြီးငြူတဲ့သဘောပါပဲ။ သင့် Crush ရှေ့မှာ သင်ဘယ်လောက်ထိ ရူးသွပ်လဲမမြင်ပါစေနဲ့။
သူအောင်မြင်မှုရတိုင်း အသိအမှတ်ပြုပါ
သူတစ်ခုခုမှာ အောင်မြင်မှုရတဲ့အချိန်တိုင်း သင်က ချီးကျူးပါ။ မုန့်ဝယ်ကျွေးတာတွေ လုပ်ပေးပါ။
သူ့အသိုင်းအဝိုင်းနဲ့အဆင်ပြေအောင်နေပါ
ချစ်သူမဖြစ်သေးတော့ အသိုင်းအဝိုင်းထဲမှာ မိဘမပါသေးပါဘူး။ အထူးသဖြင့် သူ့သူငယ်ချင်းတွေနဲ့ အဆင်ပြေအောင် နေပါ။ သူ့အနားက လူတွေ သင့်ကို သဘောကျတဲ့အချိန်ဆို သူတို့က သင့် Crush ဆီမှာ သင့်အကြောင်းမေးတော့မှာပါ။ သူပတ်သက်နေတဲ့ အသိုင်းအဝိုင်းက သူ့ကို အလွှမ်းမိုးဆုံးပါ။ ဒီတော့ သင်က သူ့အသိုင်းအဝိုင်းကို ပြန်လွှမ်းမိုးပါ။
သူ့အတွက် အမြဲအသင့်ရှိတာမျိုးမလုပ်ပါနဲ့
ချစ်တယ်ဆိုမှတော့ သူ့အနားမှာ အမြဲရှိချင်မှာပါ။ ဒါပေမဲ့ အမြဲ Available ဖြစ်နေတာက သင့်ကို သူလွမး်ဖို့ သတိရဖို့ အချိန်မပေးသလိုပါပဲ။ ဒီတော့ အမြဲအားယား ပြမနေပါနဲ့။
သင့်အကြောင်းအသေးစိတ် သူ့ကို မပြောပြပါနဲ့
လူတွေက လျို့ဝှက်တဲ့အရာတွေကို ပိုစိတ်ဝင်စားကြပါတယ်။ သင်ဘာတွေလုပ်လဲ၊ သင့်အကြောင်း အသေးစိတ်ကို သူ့ဆီမှာ မပြောပြပါနဲ့။ ထိန်ချန်ထားသင့်တာတွေကိုတော့ ချန်ထားပါ။
သူနဲ့စကားပြောတိုင်း လက်အမူအရာတွေသုံးပါ
လေ့လာမှုတစ်ခုမှာယောကျာ်းလေးတွေက ကိုယ်နေဟန်ထား လှုပ်ရှားပြီး စကားပြောတဲ့ မိန်းကလေးတွေကို ပိုသဘောကျတယ်လို့ ဆိုထားပါတယ်။ ဒီတော့ သင်သူနဲ့ စကားပြောတိုင်း လက်ဟန်ခြေဟန်တွေ ပါပါစေ။
လူတစ်ယောက်ရဲ့အချစ်ကို ရဖို့က ခက်ခဲပါတယ်။ ဒါပေမဲ့ နည်းဗျူဟာတွေနဲ့ လှုပ်ရှားရင်တော့ သူ သင့်ကို တစ်နေ့ ကြွေလာမှာပါ။