နှစ်ပြည့် အထိမ်းအမှတ်၊ လပြည့်အထိမ်းအမှတ်၊ မွေးနေ့ စသဖြင့် စုံတွဲတွေအတွက် အမှတ်ရရင် ရတတ်သလို ချစ်စရာကောင်းတဲ့ အထိမ်းအမှတ်နေ့တွေ ရှိစမြဲပါ။ ချစ်သူများနေ့ကလည်း စုံတွဲတွေအတွက် ထူးခြားတဲ့ နေ့တစ်နေ့မှာပါ။ ဘယ်လို အမှတ်တရ နေ့ပဲ ဖြစ်ဖြစ် သင်တို့ နှစ်ယောက်အတွက် အမှတ်တရ ပုံရိပ်လေးတွေ ရှိထားသင့်ပါတယ်။ ဒီလိုမှ သင်တို့ရဲ့ ငယ်ရွယ်စဉ် ရုပ်ရည်နဲ့ အချစ်အမှတ်တရတွေကို ပြန်ကြည့်နိုင်မှာပါ။ အမှတ်တရ ပုံတွေ ရိုက်လတ်စနဲ့ လှလှလေး ဖြစ်နေရင်တော့ ပိုကောင်းပါတယ်။ ပုံလှလှလေးတွေက သင်တို့ရဲ့ လှပတဲ့ အတိတ်နေ့တွေဆီ ပြန်ခေါ်သွားနိုင်ပါတယ်။ ဒီတော့ ချစ်ရတဲ့ ချစ်သူနဲ့ ပုံလှလှလေးတွေ ရိုက်နိုင်ဖို့ ပို့စ်ပေးနည်းတွေကို ကြည့်လိုက်ရအောင်နော်-

ချစ်သူကောင်လေးရဲ့ နောက်ဘက်ကို မှီထားတဲ့ ပို့စ်

ချစ်ရသူကို ဆံပင်စည်းပေးတဲ့ ပို့စ်က သင်တို့ နှစ်ဦးကို ပိုချစ်ဖို့ကောင်းစေပါတယ်။

မုန့်စားနေတဲ့ ပျော်စရာ Cute Pose

ကုန်းပိုးနေတဲ့ Pose

မိန်းကလေးတိုင်း သဘောကျတဲ့ ခေါင်းကို အသာအယာပုတ်ပေးတဲ့ ပို့စ်

သူ့ပါးလေးကို အူယားယားနဲ့ ကိုင်ထားမယ်

နေရောင်ခြည်ကို နောက်ခံထားတဲ့ Romantic Pose

တစ်ယောက်မျက်နှာ တစ်ယောက် မြတ်မြတ်နိုးနိုး ကြည့်မယ်

ချစ်စရာကောင်းတဲ့ အမှတ်တရ ကိတ်နဲ့အတူ ပို့စ်ပေးတဲ့အခါ

သင်ချစ်ရသူကို Mention ခေါ်ပြီး ရိုဖို့လည်း မမေ့ပါနဲ့နော်။

Photo Source: Pinterest

By MyStyle Myanmar