အာရှသူ အများစုရဲ့ ဆံပင်အရောင်က အနက်ရောင်ပါ။ တချို့မိန်းကလေးတွေက အသားအရေ Tone အလိုက် ဆံပင် အရောင်ဆိုးလိုက်မှ ပိုလှသွားတာ ရှိသလို တချို့ကျတော့လည်း အနက်ရောင်နဲ့ပဲ လိုက်ဖက်တတ်ပါတယ်။ သင့်အသားအရေ အရောင်က Cool Tone ဘက်သွားရင် ဆံပင်အနက်ရောင်နဲ့ လိုက်ဖက်နေတတ်ပါတယ်။ သင်က အကြောင်းအမျိုးမျိုးကြောင့် ဆံပင်မဆိုးဖြစ်ဘဲ ဆံပင်အနက်ရောင်လေးဆိုလည်း ဒီအကြောင်းအရာက သင့်အတွက် အသုံးဝင်မှာပါ။ ဆံပင်အရောင်ဆိုးထားပေမယ့် အချိန်ကြာလာတဲ့အခါ အရောင်မညီတော့ဘဲ အပေါ်က အနက်ထွက်လာတတ်ပါတယ်။ ဒါပေမဲ့ သင့်ဆံပင်က အနက်ဆိုရင်တော့ ဒီအတွက် စိတ်ပူစရာမလိုတော့ပါဘူး။ ဒီတော့ ဆံပင်အနက်နဲ့ လိုက်ဖက်တဲ့ အင်္ကျီအရောင်တွေကို ကြည့်လိုက်ရအောင်နော်-

၁။ အဖြူနဲ့ အနက်

အဖြူနဲ့ အနက် ဖက်ရှင်က ဆံပင်အနက်ရောင်ပိုင်ဆိုင်သူတွေနဲ့ လိုက်ဖက်ပါတယ်။ အဖြူအနက်က ရိုးရှင်းလွယ်ကူတဲ့ ဖက်ရှင်ဖြစ်တာမို့ သင့်အတွက် အဆင်ပြေမှာပါ။

၂။ အနက်နဲ့ အရောင်ဖျော့

အရောင်ဖျော့ဖျော့လေးတွေ ဖြစ်တဲ့ အပြာနုရောင်နဲ့ ပန်းရောင်အနုတွေက ဆံပင်အနက်နဲ့ လိုက်ဖက်ပါတယ်။ အရင့်အနုက သဟဇာတဖြစ်နေမှာပါ။

၃။ အပြာနဲ့ အနက်

Navy Blue နဲ့ အင်္ကျီအနက်၊ ဆံပင်အနက်က သူများတွေထက် ထူးခြားတဲ့ ဖက်ရှင်ကို ပိုင်ဆိုင်စေပါတယ်။ ဒီထဲ အဖြူပါ ညှပ်ထည့်လို့ရပါတယ်။

၄။ အစိမ်းနဲ့ အနက်

အစိမ်းကလည်း အနက်ရောင်ဆံပင်နဲ့ အလိုက်ဖက်ဆုံးထဲ ပါဝင်ပါတယ်။ ဒါ့အပြင် အစိမ်းနဲ့ အနက် ဖက်ရှင်က ဆံပင်အမည်းကို ပံ့ပိုးပေးပါလိမ့်မယ်။

၅။ Blush

ရှက်သွေးဖြာရင် ဖြစ်သွားတဲ့ Blush အရောင် ပန်းရောင်နုနုလေးက သင့်ဆံပင်ကို ပိုဆွဲဆောင်မှု ရှိစေပါတယ်။ ကြည့်လိုက်တာနဲ့ သင့်ဆံပင်နဲ့ သင့်မျက်နှာဆီ အာရုံရောက်အောင် Blush Color က ကူညီပေးပါလိမ့်မယ်။

၆။ အနီ

တစ်က်ိုယ်လုံး အနီရောင်နဲ့ ဆံပင်အနက်က သင့်ကို ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီး တစ်ယောက်ဖြစ်စေပါလိမ့်မယ်။

၇။ အဖြူ

တစ်ကိုယ်လုံး အဖြူ ဆင် ချပစ်လိုက်တာကလည်း သင့်ကို ကျက်သရေရှိတဲ့ မိန်းကလေးအသွင် ပိုင်ဆိုင်စေပါတယ်။

၈။ အနက်

တစ်ကိုယ်လုံးကို အနက်ရောင် ဆင်နိုင်ပါသေးတယ်။ ဆံပင်အနက်က အဝတ်အစား အရောင်တိုင်းလိုလိုနဲ့ လိုက်ဖက်တယ်လို့ ဆိုနိုင်ပါတယ်။ အနက်နဲ့ ဆံပင်အနက်က သင့်ကို ပြတ်သားတဲ့ အမျိုးသမီး ပုံစံ ရစေပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar