မိန်ကလေးပဲဖြစ်ဖြစ်၊ ယောင်္ကျားလေးပဲဖြစ်ဖြစ် အများစုက မေးစိမှာ ဆားဝက်ခြံတွေပေါက်နေတတ်ပါတယ်။ ဒီလို မေးစိမှာ ဆားဝက်ခြံတွေပေါက်နေရင် အိမ်မှာပဲ အလွယ်တကူပျောက်အောင်လုပ်လို့ရမယ့် နည်းလမ်းတွေ ရှိပါတယ်။

Exfoliate ပုံမှန်လုပ်ပါ

Exfoliate လုပ်ပေးရင် ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ချွေးပေါက်ပိတ်နေတာတွေ ပွင့်သွားစေပါတယ်။ ဆားဝက်ခြံတွေ၊ အဆီဖုတွေလည်း သက်သာသွားစေပါတယ်။ ဒါကြောင့် တစ်ပတ်တစ်ခါလောက် exfoliate ပုံမှန်လုပ်ပြီး skincare သေချာပြန်လိမ်းပေးပါ။

ရေနွေးငွေ့

ရေနွေးငွေ့နဲ့ ပေါင်းတင်လို့လည်းရသလို၊ towel အသန့်ကို ရေနွေးစိမ်ပြီး အဲ့ဒီ towel ကို ဆားဝက်ခြံရှိတဲ့ မေးစိမှာအုပ်ထားပေးပါ။ ပြီးရင် မေးစိကိုပွတ်လိုက်ပါ။ ဆားဝက်ခြံတွေပါသွားပါလိမ့်မယ်။

လက်နဲ့မညှစ်ပါနဲ့

မေးစိမှာ ဆားဝက်ခြံရှိရင် ကိုင်လိုက်တာနဲ့ အစိလေးတွေလိုမျိုးဖြစ်နေတော့ တော်တော်များများက ပွတ်ပြီး လက်သည်းနဲ့ကုတ်ဖဲ့တာမျိုး၊ လက်နဲ့ညှစ်တာမျိုးတွေ လုပ်တတ်ပါတယ်။ ဒီလိုလုပ်ရင် ပိုးဝင်ပြီးပိုဆိုးပါတယ်။ ဒါကြောင့် ဆားဝက်ခြံညှစ်တဲ့အတံလေးနဲ့ပဲ ညှစ်ပေးပါ။

လိမ္မော်သီးအခွံ

လိမ္မော်သီးအခွံကို အခြောက်ခံပြီး ခြောက်သွားပြီဆိုရင် အမှုန့်ဖြစ်အောင် ကြိတ်ပေးပါ။ ရလာတဲ့အမှုန့်ကိုမှ ရေနည်းနည်းရောပြီး ပျစ်ပျစ်လေးဖြစ်အောင်လုပ်ပါ။ ပြီးရင်တော့ အဲ့ဒါကို မေးစိမှာလိမ်းထားပြီး ခြောက်ပြီဆိုရင် ရေဆေးချလိုက်ရုံပါပဲ။ ဒီနည်းလမ်းနဲ့လည်း ဆားဝက်ခြံတွေကို ဖယ်ရှားနိုင်ပါတယ်။

ပျားရည်နဲ့နွားနို့

ပျားရည်နဲ့ နွားနို့ကို ပျစ်ပျစ်လေးဖြစ်အောင် ရောမွှေပြီး microwave ထဲ စက္ကန့်ပိုင်းလောက် ထည့်ထားပါ။ ပြီးရင်အပြင်ထုတ်ပြီး အအေးခံပါ။ အေးသွားရင် မေးစိမှာလိမ်းပြီး မိနစ် ၂၀ ထားပါ။ အချိန်ပြည့်ရင် ရေဆေးချလိုက်ရုံပါပဲ။ ဒီနည်းလမ်းကလည်း ဆားဝက်ခြံတွေကို ဖယ်ရှားပေးပါတယ်။

သကြားနဲ့ Jojoba Oil

သကြားနဲ့ jojoba oil ကို ပျစ်ပျစ်လေးဖြစ်အောင် ရောမွှေပြီး လက်ချောင်းလေးနဲ့ယူကာ မေးစိကို ပွတ်ပေးပါ။ ပြီးရင်တော့ ရေဆေးချပြီး skincare ပြန်လိမ်းထားပေးပါ။ ဒီနည်းလမ်းက အညစ်အကြေးတွေနဲ့ ဆားဝက်ခြံတွေကို ဖယ်ရှားပေးပါတယ်။