ဘယ်အချိန်ကြည့်လိုက်ကြည့်လိုက် သတို့သမီးလေးတွေအများစုက သူတို့ရဲ့အရေးကြီးဆုံးနေ့မှာ ဝတ်လေ့ရှိကြတာဟာ အဖြူရောင်ဝတ်စုံလေးတွေပဲများပါတယ်နော်။
အဖြူရောင်က ရှင်းသန့်တဲ့အသွင်ကိုပေါ်လွင်စေလို့ အများကြိုက်ကြတာမှန်ပေမယ့်လည်း သူများထက်ပိုဆန်းရမှ၊ ဒီတစ်ခုကိုပဲမြင်ရတာ ရိုးလာပြီဆိုတဲ့ ပျိုမေလေးတွေအတွက် အဖြူရောင်မဟုတ်ဘဲ တခြားရွေးချယ်စရာ အရောင်ကာလာဒီဇိုင်းတွေ အများကြီးရှိပါသေးတယ်။
ရိုးရှင်းလှပတဲ့ အဖြူရောင်ဝတ်စုံမဟုတ်ဘဲ တခြားအဆင်ကာလာဆန်းဆန်းလေးတွေ ရွေးချယ်ကြည့်ချင်ပြီး ကိုယ့်တစ်သက်မမေ့နိုင်တဲ့ နေ့တစ်နေ့အနေနဲ့ အမှတ်တရဖြစ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အဆင်အဆန်းလေးတွေ လေ့လာကြည့်လိုက်ပါ။
ငွေရောင်
အနက်ရောင်
မက်မွန်ပန်းနုရောင်
အပြာရောင်
ဒီအပြာရောင်ဂါဝန်လေးတွေဟာဆိုရင်တော့ အသက်အရွယ်မရွေး မိန်းကလေးတွေတိုင်း ကြည့်ဖူးကြမှာသေချာတဲ့ စင်ဒရဲလားလို မင်းသမီးလေးတစ်ပါးအလား ထင်ရစေနိုင်ပါတယ်။
ရွှေရောင်
ရွှေမှရွှေ ကြိုက်ကြတဲ့ မြန်မာလူမျိုးတွေအတွက်တော့ အဖြူရောင်မဟုတ်ဘဲ အခုလိုမျိုး ကိုယ့်အကြိုက်အရောင်နဲ့လိုက်ပြီး သတို့သမီးဝတ်စုံအဖြစ် ဝတ်ဆင်နိုင်မှာဖြစ်ပါတယ်။
ပန်းပွင့်များနဲ့ စီခြယ်အလှဆင်ထားတဲ့ဒီဇိုင်း
ဒီ ဒီဇိုင်းလေးတွေကတော့ ဒဏ္ဍာရီထဲက မင်းသမီးလေးတွေ၊ နတ်သမီးလေးတွေအလား သင့်ကိုပေါ်လွင်သွားစေမယ့် အဆင်ဒီဇိုင်းလေးမို့ မိန်းကလေးတိုင်း လက်လွှတ်ချင်မှာမဟုတ်ပါဘူး။
အနီရောင်
ရဲရင့်ခြင်း ကို ဆောင်ကျဥ်းပေးတဲ့ အနီရောင်ကတော့ တရုတ်လူမျိုးတွေအကြိုက်ဖြစ်သလို အသားဖြူဖြူညိုညို ဝတ်ဆင်မယ့်သူကို ယုံကြည်ချက်အပြည့်ရှိစေမယ့်အပြင် Sexy ဆန်တဲ့ပုံရိပ်ကိုလည်း ပေါ်စေမှာပါ။
အရောင်စပ်ဒီဇိုင်း
ကိုယ်ကြိုက်တဲ့တစ်ရောင်က တစ်ရောင်ထက်မကဘူးဆိုရင်တော့ ဒီ ဒီဇိုင်းလေးက သင့်အတွက်ပါပဲ။
ပန်းရောင်
မိန်းကလေးသဘာဝပီပီ ပန်းရောင် Favorite သမားတို့အတွက်တော့ တစ်သက်တာရဲ့ အရေးကြီးဆုံးနဲ့ အပျော်ရွှင်ဆုံးနေ့လေးမှာ အလှဆုံးသတို့သမီးလေးဖြစ်စေမှာ သေချာပါတယ်။
Image Source: Pinterest