နှုတ်ခမ်းသား ဖူးဖူးပြည့်ပြည့်နဲ့ လှနေတာကို လူတိုင်းလိုချင်ကြပါတယ်။ ဟော်မုန်းအပြောင်းအလဲကြောင့်လည်း နှုတ်ခမ်းညိုတာမျိုးဖြစ်စေနိုင်ပါတယ်။ နှုတ်ခမ်းသားပျက်စီးတာဟာ သင်သုံးနေတဲ့ နှုတ်ခမ်းနီကြောင့်လည်း ပါပါတယ်။
Matte နှုတ်ခမ်းနီတွေ အဆိုးများလို့ပဲဖြစ်ဖြစ်၊ ရာသီဥတုအကူးအပြောင်းကြောင့်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ရေသောက်နည်းလို့ ရေဓာတ်ခမ်းခြောက်တဲ့အခါမှာလည်း နှုတ်ခမ်းခြောက်တတ်ပါတယ်။
ဒီလိုနှုတ်ခမ်းခြောက်တဲ့အခါ သင့်အလှလည်း ပျက်လာတော့တာပေါ့။ ဒါ့ကြောင့် နှုတ်ခမ်းသား ခြောက်သွေ့ခြင်း၊ ကွဲအက်ခြင်းတွေ ကင်းဝေးပြီး နူးညံ့စိုပြေတဲ့ နှုတ်ခမ်းသားလေးပိုင်ဆိုင်နိုင်ဖို့ ပုံမှန် ဂျေးချွတ်ပေး (Scrub) လုပ်ပေးရပါမယ်။
ပိုးသားလေးလို နူးညံ့ပြီး နှုတ်ခမ်းသား ပန်းရောင်သမ်းစေဖို့ အိမ်မှာတင်ပဲ ကော်ဖီ Scrub လေးကို ရိုးရှင်းလွယ်ကူစွာ ပြုလုပ်နိုင်မယ့် သဘာဝနည်းလမ်းလေးကို မျှဝေပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
ပျားရည် − လက်ဖက်ရည်ဇွန်း ၂ ဇွန်း
သံလွင်ဆီ − လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ကော်ဖီမှုန့် − စားပွဲတင်ဇွန်း ၁ ဇွန်း
ပြင်ဆင်နည်း
၁။ ကော်ဖီမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းကို ပန်းကန်လုံးထဲထည့်ပြီး ကျန်နေတဲ့ ပျားရည် နဲ့ သံလွင်ဆီ တို့ကိုလည်း လက်ဖက်ရည်ဇွန်း ၂ ဇွန်းစီ ပေါင်းထည့်လိုက်ပါ။
၂။ ဇွန်းတစ်ချောင်းယူပြီး ပါဝင်ပစ္စည်းတွေကို သေချာနှံ့အောင်မွှေပေးပါ။ အနှစ်ကို အခဲတွေမကျန်စေဘဲ ချောချောမွေ့မွေ့လေးဖြစ်ဖို့ လိုအပ်ပါတယ်။ ရလာတဲ့ Scrub ကို လေလုံတဲ့ဘူးထဲထည့်ထားပြီး သေချာသိမ်းပါ။
၃။ Scrub အနှစ် လုံလုံလောက်လောက်ကိုယူပြီး နှုတ်ခမ်းသားပေါ်မှာ စက္ကန့်အနည်းငယ်လောက်တင်ကာ ညှင်ညှင်သာသာ ပွတ်ပေးပါ။ လက်က အားတအားသုံးမိသွားမယ်ဆို နှုတ်ခမ်းသားပျက်စီးသွားနိုင်လို့ သတိထားပါ။
၄။ ထို့နောက် ရေပြောင်အောင်ဆေးပြီး အစိုဓာတ်ပြန်လည့်ဖြည့်တင်းရအောင်လို့ Lip Balm လိမ်းပေးပါ။
Source: FabHow
By MyStyle Myanmar