ဘယ်သူပဲဖြစ်ဖြစ် ဖြူဝင်းစိုပြေပြီးချောမွေ့တဲ့ မျက်နှာအသားအရေကိုပိုင်ဆိုင်ချင်ကြတာချည်းပါပဲ့။ မိန်းကလေးတွေပဲ မျက်နှာအသားအရေကို ထိန်းသိမ်းစောင့်ရှောက်ရမှာမဟုတ်ပဲ ယောက်ျားလေးတွေကလည်း သူတို့ရဲ့မျက်နှာလေးတွေ ဖြူစင်ဝင်းပနေဖို့အတွက် ပြုပြင်ရမယ့်နည်းလမ်းလေးတွေကို လိုက်နာလာကြတာကိုလည်း ပိုပိုပြီးတွေ့လာရပါတယ်နော်။ ဒီလိုအသားအရေလှပဖို့ဆိုရင်တော့ ကိုယ့်အနေနဲ့ကလည်း သေချာဂရုတစိုက်နဲ့ ထိန်းသိမ်းပေးမှဖြစ်မှာပါ။

ဒါကြောင့် ကုန်ကျစရိတ်သိပ်မများတဲ့အပြင် အိမ်တိုင်းမှာရှိတဲ့ပဲမှုန့်က အသားအရေလှပဖို့အတွက် အသုံးဝင်တာတွေ အများကြီးရှိတာကို တွေ့ရှိထားပါတယ်။ အဲ့ဒီထဲကမှ ပျိုမေတို့အတွက် အဓိကအသုံးဝင်စေမယ့် လျှို့ဝှက်ချက်တွေကို မျှဝေပေးလိုက်ပါတယ်နော်။

မျက်နှာလေးကြည်လင်ပြီးတောက်ပလာစေဖို့

ကြည်လင်ပြီးတောက်ပတဲ့ မျက်နှာအသားအရေလေးရရှိစေဖို့ ပဲမှုန့်၊ သံပရိုသီးနဲ့ Raw Milk ကို သုံးပေးရမှာပါ။ မျက်နှာနေလောင်ထားတဲ့အချိန်တွေနဲ့ မျက်နှာမဲညစ်နေတဲ့အချိန်မျိုးမှာ ဒီနည်းလမ်းလေးကို သုံးပေးနိုင်ပါတယ်။

လုပ်ရမယ့်ပုံစံလေးကတော့ ပဲမှုန့် – စားပွဲတင်ဇွန်း ၂ ဇွန်း၊ သံပရိုရည် (Lemon Juice) – လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ Raw Milk – လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို ရောမွှေပြီး မျက်နှာနဲ့ လည်ပင်းတွေမှာ လိမ်းပေးရပါမယ်။ လိမ်းတဲ့အခါမှာ လက်ချောင်းလေးတွေကိုသုံးပြီး စက်ဝိုင်းပုံစံလိမ်းပေးရပါမယ်။ ၁၅ မိနစ် (သို့) မိနစ် ၂၀ လောက်ကြာရင်တော့ ရေအေးနဲ့ဆေးချလိုက်ပါ။ မျက်နှာအသားအရေလေး ပြောင်းလဲသွားတာကို တွေ့ရပါလိမ့်မယ်။

ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်တွေအတွက်

ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်တွေအနေနဲ့ ပဲမှုန့်၊ ပျားရည်နဲ့ Milk Cream တွေကို သုံးပြီး အသားအရေလှအောင် မျက်နှာပေါင်းတင်ပေးနိုင်ပါတယ်။ ဒီနည်းလမ်းလေးကတော့ အဆီပြန်တဲ့အသားအရေတွေနဲ့တော့ အဆင်မပြေပါဘူး။

လုပ်ရမယ့်ပုံစံကတော့ ပဲမှုန့် – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း နဲ့ Milk Cream – စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကို ရောမွှေပြီး မျက်နှာမှာလိမ်းပေးရပါမယ်။ မိနစ် ၂၀ လောက်ကြာရင်တော့ ရေဆေးချလိုက်ပါ။ ဒီလိုလုပ်ပေးခြင်းက မျက်နှာအသားအရေကို နူးညံ့ပြီး Moisture Level ကို မြှင့်တင်ပေးပါတယ်။

ဒီနည်းလမ်းနှစ်မျိုးထဲက ကိုယ်ကြိုက်နှစ်သက်ရာကို ရွေးချယ်ပြုလုပ်နိုင်ပါတယ်။