နှုတ်ခမ်းနီအရောင်တွေ အများကြီးထဲမှာမှ ပန်းရောင်ဆိုးရတာကို ကြိုက်တဲ့သူတွေအတွက် ကိုယ့်ရဲ့အသားအရောင်နဲ့ အလိုက်ဖက်ဆုံးဖြစ်မယ့် ပန်းရောင်နှုတ်ခမ်းနီ ၄ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ပန်းရောင်ကိုမှ အမျိုးမျိုးရှိတာကြောင့် ကိုယ်က ဘယ်လိုပန်းရောင် နှုတ်ခမ်းနီမျိုးနဲ့ လိုက်ဖက်မလဲဆိုတာကို အသားအရောင်နဲ့တိုက်ပြီး စစ်ကြည့်လို့ရပါတယ်။ နှုတ်ခမ်းနီဝယ်မယ်ဆိုရင် ဒီနည်းလမ်းလေးက အရမ်းကိုအသုံးဝင်စေပါတယ်။

အသားဖြူတဲ့ Fair Complexions

အသားအရမ်းဖြူတဲ့ Fair Complexions အသားအရောင်ပိုင်ရှင်တွေဆိုရင်တော့ နှုတ်ခမ်းနီအရောင် တော်တော်များများနဲ့ လိုက်ဖက်ပါတယ်။ ဒါပေမယ့် ပန်းရောင်ထဲမှာဆိုရင်တော့ ဒီလို hot pink အရောင်လေးနဲ့ ပိုလိုက်ပါတယ်။ အရမ်းချစ်ဖို့ကောင်းပြီး လှပါတယ်။ ဒီအရောင်မျိုးက တော်ရုံအသားအရေနဲ့ မလိုက်ဖက်ပါဘူး။ ဒါကြောင့် ကိုယ်က အသားအရမ်းဖြူတယ်ဆိုရင် ဒီလိုပန်းရောင် နှုတ်ခမ်းနီမျိုးကို ရွေးဝယ်ပါ။

အသားလတ်တဲ့ Medium Complexions

အသားလတ်တဲ့ Medium Complexions အသားအရောင်ပိုင်ရှင်တွေဆိုရင်တော့ ဒီလိုပန်းရောင်နှုတ်ခမ်းနီလေးနဲ့ အလိုက်ဖက်ဆုံးပါပဲ။ သူ့ရဲ့ပန်းရောင်တွေက peach to honey undertones အရောင်လေးနဲ့ watermelon pink လို အရောင်မျိုးလေးတွေပါ။ ဒါကြောင့် ကိုယ်က အသားဖြူတယ်၊ အရမ်းဖြူနေတာမျိုးတော့ မဟုတ်ဘူးဆိုရင် medium complexion ဖြစ်လို့ ဒီလိုပန်းရောင်မျိုးလေးတွေ ရွေးချယ်ပါ။

အဝါဖောက်တဲ့ Olive Complexions

တချို့အသားအရေကျတော့ ညိုတာမျိုးလည်းမဟုတ်၊ ဖြူတာမျိုးလည်းမဟုတ်ပဲ အသားအရောင်က အဝါဖောက်တဲ့ Olive Complexions တွေရှိပါတယ်။ ဒီလိုအသားအရောင်မျိုးကျတော့ ပန်းရောင်နှုတ်ခမ်းနီဆိုးမယ်ဆိုရင် rich pink ဖြစ်တာမျိုး၊ မရမ်းစေ့ရောင်အနုဘက်သွားတဲ့ ပန်းရောင်မျိုးတွေနဲ့ အရမ်းလိုက်ဖက်ပါတယ်။

အသားညို၊ အသားမဲတဲ့ Deep Complexions

အသားညို၊ အသားမဲတဲ့ Deep Complexions တွေဆိုရင်တော့ ပန်းရောင်နှုတ်ခမ်းနီဆိုးမယ်ဆိုရင် ပုံမှာပြထားသလို jewel toned pink အရောင်တွေ၊ rich plums ဖြစ်တာတွေနဲ့ ပိုလိုက်ဖက်ပြီး gorgeous ဖြစ်စေပါတယ်။ အသားညိုလို့၊ အသားမဲလို့ ပန်းရောင်နဲ့မလိုက်ဘူးမထင်ပါနဲ့။ ဒီလိုပန်းရောင်လေးတွေနဲ့ အရမ်းလိုက်ပါတယ်။