သင့်အိတ်ထဲမှာ ဘယ်ပစ္စည်းတွေ ပုံမှန် ထည့်သွားဖြစ်လဲ။ မိန်းကလေး တစ်ယောက်နဲ့ တစ်ယောက်တော့ အရေးပါတဲ့ ပစ္စည်းတွေက မတူနိုင်တာမို့ ပုံစံတူမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုဖော်ပြထားတဲ့ ပစ္စည်းတွေကိုတော့ မဖြစ်မနေ ထည့်သင့်တယ်လို့ မိန်းကလေးတိုင်းလိုလို လက်ခံထားကြပါတယ်။ ဒီတော့ ဘယ်ပစ္စည်းတွေ ဖြစ်မလဲ ကြည့်လိုက်ရအောင်နော်-

၁။ လစဉ်သုံး

တစ်ခါတလေ လာတော့မယ်ဆိုတာ မသိလိုက်တဲ့ အချိန်တွေ ရှိပါတယ်။ သင့်ကို ဓမ္မတာက တစ်ခါတလေ Surprise လုပ်တတ်ပါတယ်။ မှန်းလို့ မရနိုင်တာကြောင့် အိတ်ထဲ လစဉ်သုံး Tampon/Pad တွေကို ဆောင်ထားသင့်ပါတယ်။

၂။ တစ်ရှူး

ချွေးထွက်တာ၊ မျက်နှာအဆီပြန်တာ၊ ဓာတ်မတည့်တာ စတဲ့ ကိစ္စတွေက ဖြစ်တတ်ပါတယ်။ တစ်ရှူးတစ်ထုတ်လောက်တော့ သင့်အိတ်ထဲ ဆောင်ထားသင့်ပါတယ်။ တစ်ရှူး မဆောင်ထားချင်ရင် Napkin ဆောင်ထားနိုင်ပါတယ်။

၃။ စာရွက်နဲ့ ဘောပင်

ဖုန်းရှိလျက်နဲ့ ဆောင်ထားစရာမလိုဘူးလို့ သင်ထင်နိုင်ပါတယ်။ ဒါပေမဲ့ အရေးကြီးကိစ္စတွေ ဖုန်းပြောရင်း အမြန်ချမှတ်ဖို့ လိုတာ၊ လုပ်ရမယ့် စာရင်းတွေကို မှတ်တာမှာ ဘောပင်နဲ့ စာရွက်ကို မဖြစ်မနေ လိုအပ်ပါတယ်။

၄။ စာအုပ်

သင်က စာဖတ်ဝါသနာပါသူ ဆိုရင် စာအုပ်တစ်အုပ်ကို အိတ်ထဲ ဆောင်ထားသင့်ပါတယ်။ ကားစောင့်ရင်း စာအုပ်ထိုင်ဖတ်တာ၊ တစ်ခုခု စောင့်ရင်း စာအုပ်ဖတ်နေတာ စတာတွေ ပြုလုပ်နိုင်ပါတယ်။

၅။ မိတ်ကပ်

ရုတ်တရက် သွားစရာပေါ်လာတာ၊ သင့် Crush နဲ့ သွားတွေ့ရတာတွေမှာ အဆင်သင့်ဖြစ်နေဖို့ မိတ်ကပ်ကို အိတ်ထဲ ထည့်ထားသင့်ပါတယ်။

၆။ ပီကေ

ခံတွင်းနံ့ အချိန်တိုင်း ကောင်းနေစေဖို့ သင့်အိတ်ထဲမှာ ပီကေ ဆောင်ထားသင့်ပါသေးတယ်။

၇။ အကိုက်အခဲ ပျောက်ဆေး

သင်ဒါမှမဟုတ် သင့်မိတ်ဆွေ တစ်ယောက်ယောက် ခေါင်းကိုက်တာ၊ ဒူးကိုက်တာ စသဖြင့် အကြောင်းတစ်ခုခု ဖြစ်လာခဲ့ရင် အဆင်သင့် ရနိုင်ဖို့ အကိုက်အခဲပျောက်ဆေးကိုလည်း ဆောင်ထားသင့်ပါတယ်။

၈။ ယိုးဒယားကလစ်

သင့်ဆံပင်လန်တာ၊ ဆံပင်ပြေတာ၊ ဆံပင်ရှုပ်နေတာ စတာတွေကို ခေတ္တထိန်းထားဖို့ ယိုးဒယားကလစ်တွေကို အသုံးပြုနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar