MyStyle Myanmarက ပျိုမဒီလေးတွေရေ…ပြစ်မျိုးမှဲ့မထင်အလှမျိုးကို ပိုင်ဆိုင်ချင်ရင်တော့ အသားအရေလှပဖို့အတွက် ပထမဦးစားပေးအနေနဲ့ ဂရုစိုက်ပေးဖို့က အရေးကြီးဆုံးပဲ့ဖြစ်ပါတယ်နော်။ ဒါကြောင့်မို့ မိမိသုံးတဲ့ Skin Care တွေကလည်း အပြစ်အနာဆာကင်းတဲ့အသားအရေကို ရရှိနိုင်သလို အခုပြောပြမယ့် Tips လေးတွေကလည်း ကြည်တောက်လှပတဲ့အသားအရေကို ရရှိပိုင်ဆိုင်နိုင်စေမှာပဲ့ဖြစ်ပါတယ်နော်။
နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေကို Check လုပ်ပါ
Source: The Jakarta Post
ရုပ်ရှင်ကြည့်ရင်း ၊ ဂိမ်းဆော့ရင်း စားဖြစ်နေတဲ့အာလူးကြော်တွေ ဆီကြော်မုန့်တွေကို အတတ်နိုင်ဆုံး မစားဘဲနေမယ်ဆိုရင်တော့ အသားအရေက အဆီပြန်ခြင်းကင်းဝေပြီး လှပနေမှာပါနော်။
Skin Care လုပ်ဖို့လည်း မမေ့ပါနဲ့
မိတ်ကပ်တွေ လိမ်းပြီး အပြင်ထွက်ပြီးရင်တော့ အိမ်ပြန်ရောက်တဲ့အခါ သေချာစွာ မျက်နှာသစ်ပေးဖို့လိုအပ်ပါတယ်။ ဒါကလည်း သင့်အသားအရေကောင်းစေဖို့ အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်လို့ သေချာဂရုစိုက်ဖို့ လိုအပ်ပါတယ်နော်။
အသီးအနှံစားပေးပါ
သစ်သီးတွေက အသားအရေအတွက် အလွန်ပဲအထောက်အကူဖြစ်စေပါတယ်။ အသီးကို အလုံးအတိုင်းစားတာထက် Blender နဲ့ ကျိတ်ပြီး စားတာက ပိုပြီး အကျိုးထူးစေပါတယ်။
Sunscreenလိမ်းပေးပါ
Source: THE FILE
အပြင်သွားတဲ့အခါ Sunblock နဲ့ Sunscreen တို့ကိုလိမ်းပြီး အပြင်ထွက်သင့်ပါတယ်။ ခန္ဓာကိုယ်အတွက်ဆိုရင်လည်း Lotion ကို သေချာလိမ်းပေးတဲ့အခါ အသားအရေ ညိုမဲခြင်း အသားမညီခြင်းတွေကနေ ကာကွယ်ပေးနိုင်သလို အပြစ်ကင်းတဲ့အသားအရေစိုစိုဝင်းဝင်းလေးကို ပိုင်ဆိုင်ရစေမှာပါ။
Featured Image Source: Starbiz.net