သင်က အိပ်ရေးပျက်တာ၊ စိတ်ဖိစီးမှုများတာ၊ အသားအရေနဲ့ မတည့်တဲ့ ပစ္စည်းတွေ သုံးမိတာ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဝက်ခြံဖြစ်နေတယ်ဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ ဒီတစ်ခေါက်မှာတော့ ဝက်ခြံတွေကို ချပ်ရပ်သွားစေမယ့် အိမ်တွင်း နည်းလမ်းတစ်ခု ကိုဖော်ပြပါရစေ။ ဒီအတွက် လိုအပ်တာက ပစ္စည်း နှစ်မျိုးပါပဲ။ အဓိက လိုအပ်တဲ့ ပစ္စည်းကတော့ ရှားစောင်းလတ်ပတ် ဖြစ်ပါတယ်။ ဒီတော့ နည်းလမ်းကို ကြည့်လိုက်ရအောင်နော်-

ရှားစောင်းလတ်ပတ် တစ်ဇွန်း

ရှားစောင်းလတ်ပတ်က ဝက်ခြံတွေကို တိုက်ထုတ်ပေးတဲ့ သဘာဝပစ္စည်း တစ်မျိုး ဖြစ်ပါတယ်။ ဒါ့အပြင် အသားအရေကို အစိုဓာတ်ပေးပြီး အသားအရေ တင်းရင်းစေပါတယ်။

နောက်ထပ်လိုအပ်တဲ့ ပစ္စည်းကတော့ Tea Tree Oil ပါ

Tea Tree Oil က Anti Inflammatory ဂုဏ်သတ္တိရှိတဲ့အပြင် ဘတ်တီးရီးယား သေစေတဲ့ စွမ်းရည်ရှိပါတယ်။ အသားအရေ နီမြန်းတာကို လျှော့ချပေးတဲ့အပြင် ဝက်ခြံတွေကို ချပ်ရပ်စေပါတယ်။ Tea Tree Oil တစ်ဇွန်းထည့်ပေးရပါမယ်။

Photo Source: Major Mag

ပါဝင်ပစ္စည်း နှစ်မျိုးကို ရောပေးရပါမယ်။ ရောပြီးနောက် ဘရပ်ရှ်နဲ့ ယူကာ မျက်နှာပေါ် လိမ်းပေးရပါမယ်။ လိမ်းပြီးနောက် တစ်ည ထားပေးရပါမယ်။ မနက်မိုးလင်းတဲ့အခါ ရေဆေးချပေးရပါမယ်။

သင့်အသားအရေက ပိုးဝင်တဲ့ ဝက်ခြံမျိုးဆိုရင်တော့ အရေပြားကျွမ်းကျင်ပညာရှင်တွေနဲ့ တိုင်ပင်ကုသသင့်ပါတယ်။

ဒီနည်းလမ်းက ဝက်ခြံသက်သာစေတဲ့အပြင် ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်စေပါတယ်။ ဒါကို တစ်ပတ်မှာ တစ်ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။

Photo Source: Pinterest

By Mystyle Myanmar