အားလုံးပဲမင်္ဂလာပါနော်။ ဗြိတိန်က တော်ဝင်မိသားစုရဲ့ အကြောင်းဆိုရင် အားလုံး စိတ်ပါဝင်စားမှုရှိကြပါတယ်။ ပြည်သူအပေါင်း အင်မတန်ချစ်မြတ်နိုးတဲ့ မင်းသမီး ဒိုင်ယာနာရဲ့ သားနှစ်ယောက်ရဲ့ လက်ထပ်ပွဲဆိုရင်လည်း ခမ်းခမ်းနားနားကို ကျင်းပခဲ့ပြီး တစ်ကမ္ဘာလုံးက ကြည့်ခဲ့ကြတာပါ။

အခုတစ်ခေါက် အနုပညာရှင်တို့ရဲ့ ဖက်ရှင်ကဏ္ဍမှာ ဖော်ပြပေးချင်တာကတော့ မင်းသားဟယ်ရီရဲ့ ဇနီးချော Meghan Markle ပဲဖြစ်ပါတယ်။

Sussex မြို့စားကတော် Meghan ကိုတော့ ၁၉၈၁ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့မှာ မွေးဖွားခဲ့ပြီး ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မှာ ကြီးပြင်းလာခဲ့ပါတယ်။ မောင်နှမ နှစ်ယောက်ရှိပြီး အရပ်အမြင့်ကတော့ ၅ ပေ ၅ လက်မရှိပါတယ်။

Northwestern တက္ကသိုလ်တက်ရင်း သူမရဲ့သရုပ်ဆောင်လမ်းကြောင်းကို စတင်လျှောက်လှမ်းခဲ့တာဖြစ်ပြီး မင်းသား ဟယ်ရီနဲ့ ၂၀၁၈ ခုနှစ်မှာ အိမ်ထောင်ကျခဲ့ကာ သားတစ်ယောက် သမီးတစ်ယောက်စီ ပိုင်ဆိုင်ထားပါတယ်။

တော်ဝင် မိသားစုဝင်တစ်ဦးဖြစ်လာခဲ့တဲ့ Meghan Markle ရဲ့ဖက်ရှင်က တော်ဝင်မိသားစုဝင်ဖြစ်ပြီးနောက်ပိုင်း ဖက်ရှင်ပုံစံတွေက အများကြီးပြောင်းလဲသွားပါတယ်။ ဒါပေမယ့်လည်း လှပပြီး ကျက်သရေရှိနေဆဲပါပဲနော်။ ဒီဆောင်းပါးမှာတော့ Meghan Markle ဆီကနေ စာဖတ်သူ မိန်းကလေးတို့အားလုံး လေ့လာအတုယူပြီး လိုက်လံဝတ်ဆင်နိုင်မယ့် Dress ဖက်ရှင်လေးတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Image Source: Pinterest