Relationship တစ်ခု ဖြစ်တည်လာတာကြာလေ ပိုပြီးတန်ဖိုးထားလာတတ်ကြလေပါပဲ။ နှစ်ရှည်လာများ ပေါင်းသင်းလာတဲ့ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ဖြတ်ဖို့ဆိုတာ ခက်ခဲတယ်ဆိုပေမယ့်လည်း တစ်ခါတစ်လေမှာ လိုအပ်ရင်လိုအပ်သလို စိတ်ဓာတ်မာကြောရမှာပါပဲ။
MyStyle Myanmar ရဲ့ စာဖတ်ပရိတ်သတ်တွေထဲက အမျိုးသမီးတို့အတွက် သူငယ်ချင်းအပေါင်းအသင်း မမှားရစေဖို့နဲ့ ကိုယ့်အတွက်အဆိပ်အတောက်ဖြစ်စေမယ့်သူမျိုးကို ရှောင်ရှားနိုင်ဖို့ သိထားသင့်တဲ့ လက္ခဏာရပ်တွေကို ဖော်ပြပေးချင်ပါတယ်။
သင်အောင်မြင်တာကို မလိုလားဘူး
Source: LifeHealth.com
သင်ရဲ့အောင်မြင်မှုအကြောင်း ပြောပြတဲ့အချိန် သူမရဲ့ချက်ချင်းတုံ့ပြန်မှုက “နင့်မှာရည်းစားရှိပေမယ့် ငါ့မှာတော့ကြိုက်မယ့်သူတောင်မရှိဘူး” ၊ “နင်အခုပြိုင်ပွဲမှာ အနိုင်ရသလိုမျိုး ငါတော့ဘယ်တော့မှနိုင်မှာလည်းမဟုတ်ပါဘူး” စတဲ့စကားလုံးတွေနဲ့ သူမရဲ့ ရှုံးနိမ့်မှုတွေအကြောင်းပြောရင်း စကားလမ်းကြောင်းလွှဲပစ်လိုက်တာပါပဲ။ သင့်ဘဝမှာ ကောင်းတာတွေဖြစ်တာကို မလိုလားဘဲ သင်အခက်အခဲတွေကြုံတွေ့တဲ့အချိန်ဆို ပျော်နေတတ်ပါတယ်။
သူ့ရည်းစားအလား သဝန်လိုက်တိုနေတတ်တယ်
Source: Insider
သူမဟုတ်ဘဲ တခြားတစ်ယောက်နဲ့ သွားတွေ့တာကိုလည်းမကြိုက်ဘဲ ဘယ်သွားသွား ဘာလုပ်လုပ် သူ့ကိုခေါ်မှ ကျေနပ်သူပါ။ အဆိုးဆုံးကတော့ သင့်ရဲ့ Social Media မှာ ဘာတွေလုပ်နေလဲ အစအဆုံးလိုက်ကြည့်ပြီး ပြဿနာရှာတတ်ပါတယ်။
တခါတလေ သူ့ဆီကနေ ဖုံးကွယ်ထားချင်သလို ခံစားလာရမယ်
Source: PureWow
စိတ်ဝင်စားတာတွေမတူတော့တာ၊ ကြုံခဲ့ဖူးတဲ့ အတွေ့အကြုံတွေ ကွာခြားလာတာ၊ ဒါမှမဟုတ် မစစ်မှန်တဲ့ ခံစားချက်တွေနဲ့ ဆက်ဆံမှုတွေကို ကြုံလာရတာကြောင့် ကိုယ်သူ့ငယ်ချင်းမို့ ဘယ်လောက်ပဲပြောချင်ပေမယ့်လည်း ပြောမထွက်တာမျိုးတွေဖြစ်လာပါလိမ့်မယ်။
သူပြောချင်တာနားထောင်ဖို့အရေး နေ့ညမရွေး ဖုန်းခေါ်တတ်တယ်
တခြားသူတွေထက် သူငယ်ချင်းဆီကနေပြီး နှစ်သိမ့်အားပေးမှုကို ရရှိဖို့လိုအပ်တဲ့ အခိုက်အတန့်တွေရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီလို လိုအပ်မှုကို မကောင်းတဲ့သူငယ်ချင်းက အတိုင်းထက်အလွန် အလွဲသုံးစားလုပ်တတ်ပါတယ်။ ညကြီးမိုးချုပ် အိပ်ချိန်မှန်းမသိ သူပြောချင်တာရှိလို့ ဖုန်းထခေါ်တတ်ပြီး ကိုယ်ကမကိုင်ပြန်ရင်လည်း စိတ်ကဆိုးတတ်ပါသေးတယ်။
အချိန်ပြည့် အသုံးချတယ်
Source: The Telegraph
သူ့အိမ်အမြဲလာကြိုခိုင်းတာမျိုး၊ ပိုက်ဆံချေးခိုင်းတာမျိုး၊ ဖုန်းယူသုံးတာမျိုး စတာတွေကို အမြဲလိုနီးနီး လုပ်ခိုင်းတာတွေက သူငယ်ချင်းတွေကြား ဆိုးရွားတဲ့လုပ်ရပ်ပါ။ ဒီလိုလူမျိုးတွေက သူတို့လိုအင်ဆန္ဒပြည့်ဝဖို့အတွက် သူတစ်ပါးကို အသုံးချတတ်သူတွေဖြစ်ပါတယ်။