Hello MyStyle Myanmarက စာဖတ်ပရိသတ်တွေအတွက် ဒီနေ့မှာတော့ ကောင်မလေးတွေတော်တော်များများ ချစ်သူအပေါ် သတိမထား မသိလိုက်ပဲ့နဲ့ အများဆုံးလုပ်နေမိတတ်တဲ့အမှားတစ်ချို့ကို ပြောပြပေးချင်ပါတယ်။ မိန်းကလေးနဲ့ ယောကျာ်းလေးမှာ တစ်ယောက်နဲ့တစ်ယောက်ခံစားချက်ကို ထုတ်ဖော်တာချင်းမတူတာကို သိကြမှာပါနော်။ တစ်ခါတစ်လေမှာ မိန်းကလေးဘက်က အစိုးရိမ်လွန်ကဲပြီး မသိလိုက်မသိဘာသာ ပြုလုပ်မိတဲ့ အမှားတစ်ချို့ရှိပါတယ်။ အဲ့ဒီ့အမှားလေးတွေက သင်တို့ရဲ့အချစ်ရေးကို ထိခိုက်နိုင်တဲ့အတွက် မပြုလုပ်မိအောင် ဆင်ခြင်နိုင်ဖို့ ဝေမျှပေးလိုက်ပါတယ်နော်။
၁။ ကိုယ့်ကောင်လေးရဲ့အတိတ်အကြောင်းကို ခဏခဏမေးခြင်း
Source: LoveDevani.com
သင်နဲ့ယခုလက်ရှိတွဲနေခြင်းကပဲ သင့်ကောင်လေးက သင့်ကိုချစ်တယ်ဆိုတာ သက်သေပြနေပါပြီ။ မလိုအပ်တဲ့အတိတ်အကြောင်းကို ခဏခဏမေးပြီး သူ့ဒဏ်ရာကို သွား သွား မဆွမိပါစေနဲ့။
၂။ သူ့လုပ်ငန်းခွင်ကို ခဏခဏသွားခြင်း
ယောကျာ်းလေးတွေ မကြိုက်ဆုံးအချက်ကတော့ သူတို့လုပ်ငန်းခွင်ကို ကောင်မလေးက အကြောင်းမကြားဘဲ ရောက်ချလာတာပါ။ တွဲတာကြာပြီဖြစ်တဲ့ သမီးရည်းစားတွေ မဟုတ်သေးဘူးဆိုရင် သင်တို့ နှစ်ယောက်က မစေ့စပ်ထားသေးဘူးဆိုရင် အကြောင်းမကြားဘဲ သူ့လုပ်ငန်းခွင်သွားတာမျိုးကို အတတ်နိုင်ဆုံးရှောင်ရှားပေးပါ။
၃။ လက်ထပ်ဖို့အကြောင်းကို စောစီးစွာပြောခြင်း
နှစ်ရှည်လများ တွဲလာတာကြာနေပြီဆိုရင်တော့ သင်တို့ နှစ်ယောက်တစ်ဘဝထူထောင်ခြင်းက ပြုလုပ်သင့်ပါတယ်။ ဒါပေမဲ့ လက်ထပ်ဖို့အကြောင်းကို ခဏခဏပြောခြင်းကလည်း သင်ချစ်သူကောင်လေးကို စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ ယောကျာ်းလေးတွေက ကတိပေးရတဲ့အလုပ်ကို မနှစ်သက်တာမဟုတ်ပါဘူး။ အရေးကြီးတဲ့ဆုံးဖြတ်ချက်ကို အချိန်ယူပြီး သေသေချာချာဆုံးဖြတ်ချင်ကြတာပါ။
၄။ ဟန်ဆောင်ခြင်း
ယောကျာ်းလေးတွေ မကြိုက်မနှစ်သက်ခြင်းက လိမ်ညာခြင်းနဲ့ သူတော်ကောင်းယောင်ဆောင်ခြင်းပါ။ မိန်းကလေးအနေနဲ့လည်း မိမိပုံစံမဟုတ်တာကို အချိန်အကြာကြီး ဟန်မဆောင်ပါနဲ့။ ဥပမာ- သင်က မိတ်ကပ်လိမ်းရတာ မကြိုက်ဘူး ဆိုရင် သူ့ရှေ့မှာလှချင်တာတစ်ခုတည်းနဲ့ပဲ စိတ်ဒုက္ခမခံပါနဲ့။ သူ့ကို ပွင့်ပွင့်လင်းလင်းပြောပြခြင်းဖြင့် သင့်ရိုးသားမှုကြောင့် သူကပိုလိုတောင် အချစ်တိုးလာပါလိမ့်မယ်။
၅။ ဝင်ငွေ နှိုင်းယှဉ်ခြင်း
Source: Ladders
အခြားတစ်ယောက်က သင့်ဝင်ငွေနဲ့ သူတို့ရတဲ့လစာကို နှိုင်းယှဉ်မယ်ဆိုရင်ရော သင်ဘယ်လိုခံစားရမလဲ။ ယနေ့ခေတ်မှာ အမျိုးသမီးတွေလည်း အမျိုးသားတွေနဲ့ တန်းတူရင်ဘောင်တန်းပြီး အလုပ်လုပ်နေကြပေမဲ့ အမျိုးသားတွေက သူတို့ကိုယ်သူတို့ မိသားစုရဲ့အိမ်ထောင်ဦးစီအဖြစ် သတ်မှတ်ကြပါတယ်။ ဒါ့ကြောင့် သင့်ချစ်သူကောင်လေးကို လေးလေးစားစားဆက်ဆံပြီး ဝင်ငွေချင်းနှိုင်းယှဉ်တာမျိုး မပြုလုပ်သင့်ပါဘူး။
၆။ သူ့ကို ပြုပြင်ပြောင်းလဲဖို့ကြိုးစားခြင်း
သူ့အားနည်းချက်တွေကို လက်ခံပြီး အရှိကို အရှိအတိုင်းပဲ ချစ်ပေးပါ။ သင့်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးချင်တာ တစ်ခုတည်းအတွက် သူ့ကို ပြောင်းလဲဖို့ မကြိုးစားပါနဲ့။
၇။ သူ့အရှေ့မှာ အခြားသူကို မကောင်းကြောင်းပြောခြင်း
Source: Marriage.com
သင်က သူ့အရှေ့မှာ အခြားသူများမကောင်းကြောင်းကို ခဏခဏပြောခြင်းက သူ့ကို ဘယ်လိုထင်မြင်စေလဲဆိုရင် တစ်နေ့ သင်တို့နှစ်ယောက်ပြတ်ခဲ့ရင်လည်း သူ့မကောင်းကြောင်းတွေကို ဒီလိုပဲ လူတကာကို လျှောက်ပြောနေမယ်ဆိုပြီး ထင်သွားပါလိမ့်မယ်။ ကိုယ့်ကို မကောင်းတဲ့အမြင် မြင်သွားအောင် မလုပ်ပါနဲ့။