အားလုံးပဲ့မင်္ဂလာပါနော်။ တောင်ကိုရီးယား သရုပ်ဆောင်မင်းသားချောလေး Jung Hae In ကို အားလုံးရင်းနှီးကြမယ်လို့ ထင်ပါတယ်။ While You Were Sleeping ဇာတ်ကားမှာ ပိုပြီးလူသိများကျော်ကြားလာခဲ့ပြီး ပရိသတ်တွေရဲ့အသည်းကို အပြုံးချိုချိုလေးနဲ့သိမ်းပိုက်နိုင်ခဲ့တဲ့သူတစ်ဦးဖြစ်ပါတယ်နော်။ ဒါ့အပြင် အခုထုတ်လွှင့်နေဆဲဖြစ်တဲ့ Snowdropဇာတ်ကားနဲ့လည်း မိန်းကလေးတွေရဲ့အသည်းကို တဖြုတ်ဖြုတ်ကြွေကျအောင် ထပ်မံဖမ်းစားနိုင်ခဲ့သူကြီးလည်းဖြစ်ပါတယ်။

ဒါကြောင့် Jung Hae Inကို အခုမှစသိတဲ့သူလေးတွေအတွက် လူတွေသိပ်သတိမထားမိတဲ့ သူရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတစ်ချို့နဲ့ သူရဲ့ငယ်ရွယ်နုပျိုနေဆဲဖြစ်တဲ့ ပုံရိပ်လေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်။

နာမည်အပြည့်အစုံကတော့ Jung Hae In ဖြစ်ပြီး April 1,1988 (နဂါးနှစ်)မှာ ဆိုးလ်မြို့ တောင်ကိုရီးယားမှာမွေးဖွားခဲ့ပြီး ကိုးရီယားလူမျိုးစစ်စစ်တစ်ဦးပဲ့ဖြစ်ပါတယ်။ မောင်နှမသားချင်းတွေအနေနဲ့ 7နှစ်ငယ်တဲ့ ညီလေးတစ်​ယောက်ရှိပြီး သူ့ရဲ့ အဘိုး-အဘေးဖြစ်သူဟာ ဂျိုဆန်ခေတ်က ကျော်ကြားတဲ့ အတွေးအခေါ်ပညာရှင်တစ်ဦးဖြစ်တယ်။
Jung Hae Inရဲ့အရပ်အမြင့်ကတော့ 1.78 mရှိပြီး ကိုယ်အလေးချိန်က 64 kgရှိပါတယ်။ နောက်ပြီး PyeongTeak Universityရဲ့ Broadcasting Entertaining Departmentမှာ ပညာသင်ယူခဲ့ပြီး ဘွဲ့ရရှိခဲ့တဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

Jung Hae In ဟာ အပြုံးချိုချိုလေးကိုပိုင်ဆိုင်ထားရုံမက သီချင်းဆိုလည်း ကောင်းတဲ့သူတစ်ဦးဖြစ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ သူ့ကို Milk Manလို့ နာမည်ပြောင်အနေနဲ့ ချစ်စနိုးလေးနဲ့ခေါ်ကြတာကို တွေ့ရပါတယ်။ သူ့ရဲ့Favorite color ကတော့ အမဲရောင်ဖြစ်ပြီး puppiesလေးတွေကိုလည်း ချစ်တတ်သူတစ်ယောက်ပါ။

Jung Hae In ကစစ်မှုထမ်းပြီးသားသူတစ်ဦးဖြစ်တဲ့အပြင် တိုက်ကွမ်ဒို ခါးပတ်နက်ရထားသူလည်း ဖြစ်ပါတယ်။ စက်ဘီးစီးတာသဘောကျသူဖြစ်ပြီး ဘီယာသောက်ရတာကိုလည်း ကြိုက်နှစ်သက်သူဖြစ်တယ်။ သူရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့နောက်တချက်ကတော့ အိမ်သန့်ရှင်းလုပ်ရတာကို သဘောကျပြီး ဟင်းချက်လည်း တော်တဲ့သူဖြစ်ပါတယ်။

ကဲ…ဒီလောက်ဆို မင်းသားချောလေးရဲ့ အကြောင်းကို တော်တော်များများသိသွားလောက်ပြီဆိုတော့ သူရဲ့ နုပျိုဆဲ ချစ်ဖို့ကောင်းဆဲဖြစ်နေတဲ့ အမိုက်စားဖက်ရှင်ပုံရိပ်လေးတွေက ယူတို့ရဲ့နှလုံးသားကို ဘယ်လိုကိုင်လှုပ်ပစ်မလဲဆိုတာ ကြည့်ရှုလိုက်ပါအုံးနော်…















Photo Source: Pinterest