အထူးသဖြင့် မိန်းကလေးတွေအတွက် ခရီးသွားတဲ့အခါမှာ ထည့်သွားဖို့လိုတဲ့ skincare ပစ္စည်း ၅ မျိုးကို ပြောပြပေးလိုက်ပါတယ်။ ခရီးသွားရင် ကိုယ်လိမ်းနေကျ၊ ရှိသမျှ Skincare တွေ အကုန်လုံး မထည့်သွားဖြစ်လည်း ဒီ ၅ မျိုးကိုသာ မဖြစ်မနေထည့်သွားရင် အဆင်ပြေပါပြီ။

Makeup remover

ခရီးသွားရင်လည်း လျှောက်လည်တဲ့အခါ မိတ်ကပ်လိမ်းမှာပါပဲ။ ဒါ့အပြင် လေထုနဲ့ ဖုန်မှုန့် အညစ်အကြေးတွေကလည်း မျက်နှာမှာကပ်အုံးမှာပါ။ ဒါကြောင့် ကိုယ်နေတဲ့အခန်းကို ပြန်ရောက်တဲ့အခါမှာ မျက်နှာတန်းမသစ်ပဲ makeup remover or cleansing oil ကိုယ်အဆင်ပြေတာ တစ်ခုခုနဲ့ အရင်ဖျက်ပေးပါ။

Facial foam

Remover တွေသုံးပြီးပြီဆိုမှ မျက်နှာသစ်ဆေး facial foam နဲ့ မျက်နှာသစ်ပေးပါ။ ဒါကတော့ မရှိမဖြစ်လိုပါတယ်။ ဘယ်သွားသွား မေ့ကျန်ခဲ့လို့မဖြစ်ပါဘူး။ နောက်ဆုံး မပါသွားရင်တောင်မှ ပြေးဝယ်ရမယ့် ပစ္စည်းဖြစ်ပါတယ်။

Moisturizer

ခရီးသွားတဲ့အခါမှာ skincare အစုံကိုအလေးခံပြီး မသယ်ချင်ရင်လည်း moisturizer ကိုတော့ မဖြစ်မနေသယ်ရပါမယ်။ Toner, serum စတာတွေက ကျော်သွားလို့ရပါသေးတယ်။ Moisturizer ကတော့ မရပါဘူး။ အသားအရေမပျက်စီးဖို့၊ ပုံမှန်ထိန်းသိမ်းနိုင်ဖို့ moisturizer လိမ်းဖို့လိုပါတယ်။ မျက်နှာအတွက် moisturizer လိုသလိုပဲ body အတွက်လည်း lotion လိုပါသေးတယ်။

Sunscreen

ခရီးသွားပြီဆိုရင် ဘယ်သူ့မှအခန်းထဲအောင်းမနေပါဘူး။ အပြင်ထွက်ပြီး လျှောက်လည်ကြတာချည်းပါပဲ။ ဒီလိုအချိန်မှာ sunscreen မဖြစ်မနေ လိမ်းဖို့လိုပါတယ်။ ဒါကြောင့် sunscreen ကို ထည့်ဖြစ်အောင် ထည့်သွားပါ။ ခရီးသွားရင် sunscreen မလိမ်းပဲလျှောက်သွားပြီး အိမ်ပြန်ရောက်ရင် မျက်နှာက သိသိသာသာကို မဲပြီးညစ်သွားမှာ၊ နေလောင်ခံထားရမှာ သေချာပါတယ်။

Sheet mask

Sheet mask လေးတွေက သယ်ရတာလည်းမလေးသလို၊ ထည့်ရတာလည်း နေရာအများကြီးမယူပါဘူး။ ဒါကြောင့် sheet mask လေးတွေလည်း ထည့်သွားပါ။ လျှောက်လည်ပြီး ပင်ပန်းလာရင် sheet mask လေးကပ်ပြီးသာ အိပ်လိုက်ပါ။ အသားအရေက ပင်ပန်းနေတဲ့ပုံမဖြစ်ပဲ ရေဓာတ်ပြည့်ဝပြီး လှနေမှာပါ။