Relationship တစ်ခုမှာ ယုံကြည်မှုပျက်သွားရင် အဆင်မပြေတော့ပါဘူး။ သံသယတွေနဲ့ တွဲနေရတာက လုံးဝပျော်ရွှင်စရာမကောင်းတော့ပါဘူး။ ကိုယ်တိုင်က ဒီဆက်ဆံရေးကို မဖျက်တောက်ချင်ဘူး၊ ဒီတိုင်းလေးပဲ ဆက်သွားချင်တယ်ဆိုရင်တော့ ယုံကြည်မှုတွေကို ပြန်လည်တည်ဆောက်ဖို့ လိုပါတယ်။ ဒါကြောင့် ယုံကြည်မှုပျက်သွားတဲ့ Relationship တစ်ခုကို ပြန်လည်တည်ဆောက်နိုင်ဖို့ ကူညီပေးမယ့်အရာတွေကို မျှဝေပေးလိုက်ပါတယ်။

ညှိုနှိုင်းပါ

ယုံကြည်မှုပျက်သွားပြီးပေမယ့်လည်း ဆက်ပြီးလက်တွဲမယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် သေချာညှိုနှိုင်းပြီးစကားပြောပါ။ ဒါမျိုးတွေထပ်မဖြစ်ဖို့လိုပါတယ်။ ယုံကြည်မှုပျက်အောင်လုပ်ခဲ့တဲ့သူကလည်း ယုံကြည်မှုပြန်ပေးနိုင်ဖို့ ကြိုးစားရပါမယ်။ တစ်ဖက်လူကလည်း ခွင့်လွှတ်ပေးလိုက်ပါ။

ကတိတည်ပါ

ယုံကြည်မှုပျက်အောင်လုပ်ခဲ့တဲ့သူအနေနဲ့ ပေးထားတဲ့ကတိကို တည်အောင်လုပ်ပါ။ တစ်ယောက်မကြိုက်တာ တစ်ယောက်မလုပ်ပဲနေပေးပါ။ အမှားတွေကို ထပ်မလုပ်တော့ပဲ လိမ္မာပေးပါ။ ကိုယ့်ချစ်သူအပေါ်မှာ တကယ်ချစ်တယ်ဆိုရင်တော့ ပြန်အဆင်ပြေပြီး ယုံကြည်မှုကို ပြန်လည်တည်ဆောက်နိုင်ဖို့အတွက် ဒီအရာတွေကိုလုပ်ပေးပါ။

ဂရုစိုက်ကြင်နာပါ

ယုံကြည်မှုကို ပြန်လည်တည်ဆောက်နေတဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် အရင်ထက်ပိုချစ်ပေးပါ။ ကြင်ကြင်နာနာနဲ့ ပျော်စရာတွေများအောင် ဖန်တီးပါ။ တစ်ယောက်နဲ့တစ်ယောက် မကျေနပ်ချက်တွေများနေလို့ အဆင်မပြေပါဘူး။ ယုံကြည်မှုပျက်အောင်လုပ်ထားတဲ့သူကလည်း ကိုယ့်ချစ်သူကို အရင်လိုပျော်ရွှင်အောင်၊ စိတ်ချမ်းသာအောင် ပြန်လုပ်ပေးပါ။ အရင်ထက်ပိုပြီးဂရုစိုက်ပေးပါ။

အသစ်ကနေပြန်စပါ

ဆက်ပြီးလက်တွဲသွားမယ်ဆိုရင် ပျော်ရွှင်တဲ့ Relationship ကို ပြန်ရနိုင်ဖို့၊ ယုံကြည်မှုတွေပြန်ရဖို့အတွက် အရင်ကမှားခဲ့တာတွေ၊ ဖြစ်ခဲ့တာတွေကို မေ့ပစ်လိုက်ပါ။ ဖြစ်ပြီးသားတွေကိုပဲ ထပ်တလဲလဲပြန်ပြောနေမယ်ဆိုရင် နှစ်ယောက်လုံးအတွက် အဆင်မပြေပါဘူး။ ခဏခဏပြဿနာတွေဖြစ်ပြီး စိတ်ညစ်စရာကောင်းလာမှာပါ။ လက်ရှိမှာ ပျော်ရွှင်နိုင်ဖို့ကိုပဲ စဉ်းစားပါ။