မင်္ဂလာပါ MyStyle Myanmarက ပျိုမေလေးတို့ရေ…မိန်းကလေးတိုင်းကတော့ သဘာဝအတိုင်း ဝက်ခြံကင်းစင်ပြီး ကြည်လင်တောက်ပတဲ့အသားအရေမျိုးကို ပိုင်ဆိုင်ချင်ကြတဲ့သူတွေချည်းပါပဲ့နော်။ အဲ့ဒါကြောင့် ဝက်ခြံလေးတွေပေါက်ခဲ့တဲ့နေရာကနေ အမာရွတ်လေးတွေကျန်ခဲ့ရင် အကြီးအကျယ်စိတ်အနှောက်အယှက်ဖြစ်နေရတာပေါ့။

ဒါကြောင့် ပျိုမေလေးတွေ စိတ်ညစ်ခံစရာမလိုတော့အောင် ဒီနေ့မှာတော့ ပျိုမေလေးတို့အတွက် ဝက်ခြံအမာရွတ်တွေကို အိမ်တွင်းသုံးပစ္စည်းလေးတွေနဲ့ ဘယ်လိုပေါင်းတင်ပြီး သက်သာအောင်လုပ်လို့ရတယ်ဆိုတာ ဖော်ပြပေးလိုက်ပါတယ်ရှင်။

1.ရှားစောင်းလက်ပတ်

ရှားစောင်းကတော့ အသားအရေကောင်းစေတဲ့နေရာမှာ ဆရာတစ်ဆူဆိုတာ ပျိုမေတို့သိပြီးသားဖြစ်မှာပါနော်။ ပြီးတော့ ဗီတာမင်ဒီ ဗီတာမင်အီး ဇင့်ဓာတ်တို့ပါဝင်တဲ့အတွက် ပျက်စီးနေတဲ့အသားအရေအတွက် အသင့်လျော်ဆုံး သဘာဝဆေးနည်းလေးတစ်မျိုးပါပဲ့။

လုပ်နည်းအညွှန်း

1. ရှားစောင်း ကို သံပုရာရည် (စားပွဲတင်ဇွန်း၁ဇွန်း)နှင့်ရောမွှေပါ။

2. ရလာသည့်အရည်ဖြင့် အမာရွတ်ရှိသည့်နေရာကို ၁၀မိနစ်ခန့်လိမ်းသုတ်ပေးပါ။

3. ထို့နောက်ရေစင်စင်ဖြင့်ဆေးကြောပါ။

2. သခွားသီး 

ကဲ… သခွားသီးလေးနဲ့ပေါင်းတင်တာကတော့ ကိုရီးယားကားတွေမှာ မြင်ဖူးနေကြမို့ မစိမ်းလောက်ပါဘူးနော်။ ဒါပေမဲ့ ဒီနည်းလေးမှာတော့ ဒိန်ချဉ်လေးပါထည့်ပြီး ပြုလုပ်ပေးရမှာပဲ ဖြစ်ပါတယ်။ သခွားသီးက ရေဓာတ်လည်းပြည့်ဝစေပြီး ဝက်ခြံအမာရွတ်အတွက်လည်း အထူးကောင်းမွန်တဲ့ သဘာဝပေါင်းတင်နည်းလေးပဲ့ဖြစ်ပါတယ်။

လုပ်နည်းအဆင့်ဆင့်

1. အခွံခွာထားသည့် သခွားသီးတစ်လုံးနှင့် ဒိန်ချဉ် (စားပွဲတင်ဇွန်း၁ဇွန်း) ကို ရောမွှေပြီးကြိတ်ပါ။

2. ထို့နောက် မျက်နှာပေါ်တွင်လိမ်းပေးပြီး ၁၀မိနစ်ကြာသည့်အခါ ရေဆေးကြောပေးပါ။

3. အာလူး , ခရမ်းချဉ်သီး

အားလူးနဲ့ခရမ်းချဉ်သီးကတော့ ကျန်းမာရေးကောင်းစေရုံသာမက အသားအရေကောင်းစေဖို့အတွက်လည်း နံပါတ်တစ်ပြေးနေတဲ့ အိမ်တွင်းသုံးအလှအပရေးရာအသီးအနှံတွေဆိုလည်း မမှားဘူးနော်။ ဝက်ခြံအမာရွတ်ပျောက်အောင်လည်း လုပ်ပေးနိုင်တဲ့အကျိုးအာနိသင်တွေရှိလို့ Tryကြည့်သင့့်ပါတယ်။

လုပ်နည်းအဆင့်ဆင့်

1. သန့်စင်ထားသောအာလူးတစ်လုံးနှင့် ခရမ်းချဉ်သီးတစ်လုံး ( အစေ့ပါသော)အား ဖျော်ရည်စက်ထဲသို့ထည့်ကြိတ်ပါ။

2. ရလာသည့်အရည်ကို သံလွင်ဆီ အနည်းငယ်ရောကာ မျက်နှာပေါ်တွင်သုတ်လိမ်းပါ။

3. မိနစ်၂၀ကြာပြီးနောက်ရေစင်စင်ဖြင့်ဆေးကြောပါ။

4. ပျားရည် နှင့် သံပရိုသီး

ပျားရည်နဲ့လီမွန်တို့ကတော့ ဝက်ခြံအမာရွတ်တွေကို ပျောက်ကင်းအောင် သုံးတဲ့နေရာမှာ ရေပန်းစားဆုံးဆိုတာ သိမယ်လို့ထင်ပါတယ်။ ဒီနည်းလေးကတော့ ပြုလုပ်ရလွယ်ကူပြီး အကျိုးသက်ရောက်မှု အားလည်းကောင်းပါတယ်နော်။

လုပ်နည်းအဆင့်ဆင့်

1. လီမွန်(အရည်ညှစ်ပြီး) နှင့် ပျားရည်ကိုရောပါ။

2. မျက်နှာကိုဆေးကြောသန့်စင်ပြီးပါက အရည်ကိုမျက်နှာပေါ်သို့မိနစ်၃၀ခန့်သုတ်လိမ်းပေးပါ။

ကဲ ဒီသဘာဝနည်းလေးတွေကို တစ်ပတ်ကိုနှစ်ကြိမ်ပြုလုပ်ပေးရင်တော့ ဝက်ခြံအမာရွတ်လေးပျောက်ကင်းပြီး ကြည်လင်ဝင်းပတဲ့အသားအရေလေးရရှိမှာပါ။ တစ်ခုသတိထားရမှာတော့ အသားအရေကောင်းမွန်ဖို့အတွက်ဆိုရင်တော့ Sunscreenလေးကိုလည်း မဖြစ်မနေသုံးပေးဖို့နဲ့ Cleansing Step လေးတွေကို သေချာလုပ်ပေးဖို့တော့ မမေ့ပါနဲ့နော်။