လက်သည်းအရှည်မထားတဲ့ short nails လေးတွေအတွက် ဆိုင်သွားပြီး ပုံဖော်နေစရာမလိုပဲ အိမ်မှာကိုယ်တိုင်ပုံဖော်လို့ရအောင် လုပ်ရတာအရမ်းလွယ်ကူပြီး ချစ်ဖို့လည်းကောင်းတဲ့ လက်သည်းဒီဇိုင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် လက်သည်းနီအရောင်စုံရှိရင် ရပါပြီ။ ပုံဖော်ရတာကလည်း ထွေထွေထူးထူးမဟုတ်တော့ လုပ်ရတာ အရမ်းလွယ်ပြီး ဒီဇိုင်းလေးကလည်း ချစ်ဖို့ကောင်းပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် အရမ်းလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။ အသည်းပုံလေးကိုပဲ ပုံဖော်ရမှာပါ။ တိတ်ကို အသည်းပုံစံရအောင်ခေါက်ပြီး လက်သည်းမှာကပ်ကာ လက်သည်းနီဆိုးလိုက်ရင်ပဲ ရနေပြီမို့ အရမ်းလွယ်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးကျတော့ အကွက်လေးရအောင် ပုံဖော်ရမှာပါ။ တစ်ချက်ချင်းစီ လက်သည်းပုံဖော်တဲ့ စုတ်တံနဲ့ဆွဲရင် လွယ်ပါတယ်။ ကိုရီးယားဆန်တဲ့ လက်သည်းဒီဇိုင်းပုံလေးမို့ အရမ်းချစ်ဖို့ကောင်းပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုလည်း ခုနကလို အကွက်လေးပုံဖော်ပြီး အစက်လေးတွေချပေးလိုက်ရုံပါပဲ။ ပုံဖော်ရတာလွယ်သလောက် ဒီဇိုင်းကလည်း ချစ်ဖို့ကောင်းပါတယ်။

ဒီလက်သည်းဒီဇိုင်းဆိုလည်း အရမ်းချစ်စရာကောင်းပါတယ်။ အကွက်လေးရအောင် တိတ်ကိုသုံးပြီး လုပ်ရုံပါပဲ။ အရမ်းလွယ်ပါတယ်။

လက်သည်းနီကို ရောင်စုံဆိုးပြီး အဖြူဆိုးထားတဲ့အပေါ်မှာ အစက်လေး ၃ စက်ချပေးလိုက်ရုံပါပဲ။ ပုံဖော်ဖို့အတွက် အရမ်းကိုလွယ်ကူရိုးရှင်းတဲ့ လက်သည်းဒီဇိုင်းလေးပါ။

ကိုယ်တိုင်ပုံဖော်ဖို့အတွက် ဒီထက်လွယ်တဲ့ လက်သည်းဒီဇိုင်းတော့ မရှိတော့ပါဘူး။ အစက်လေးတစ်စက် ချလိုက်ရုံပါပဲ။ ဒါပေမယ့် ဒီလိုလက်သည်းဒီဇိုင်းမျိုးက matte type လက်သည်းနီတွေဆိုးတာနဲ့မှ ပိုပြီးလှမှာပါ။

လက်ငြိမ်တဲ့သူတွေဆိုရင် ဒီလက်သည်းဒီဇိုင်းလေးကို အလွယ်တကူ ပုံဖော်နိုင်ပါတယ်။ အရမ်းချစ်ဖို့ကောင်းပြီး လုပ်ရတာလည်း မခက်ပါဘူး။ လွယ်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် အသည်းပုံကို လက်သည်းနီပုလင်းက brush လေးနဲ့ပဲ တစ်ချက်ချင်းစီသုတ်ပြီး ပုံဖော်ထားတာမျိုးပါ။ လုပ်ရတာအရမ်းလွယ်ပြီး ချစ်ဖို့လည်းကောင်းတဲ့ လက်သည်းဒီဇိုင်းလေးပါ။

လက်သည်းကို ထွေထွေထူးထူးပုံမဖော်ချင်ရင် ဆိုင်တွေမှာ gel ဆိုးနေကျပုံစံလေးအတိုင်း အိမ်မှာဆိုးကြည့်ပါ။ လက်သည်းနီကာလာစုံနဲ့ glitter လက်သည်းနီလေးရှိရင် အဆင်ပြေနေပါပြီ။

photo source:www.pinterest.com