အမျိုးသားတွေအနေနဲ့ ကိုယ်ကြိုက်နေတဲ့ကောင်မလေးရဲ့ သဘောကျခံရဖို့ဆန္ဒရှိသလို အမျိုးသမီးတွေအနေနဲ့လည်း တဖက်လူရဲ့အမြင်မှာ အကောင်းအမြင်ခံရဖို့ပဲ လိုချင်ကြပါတယ်။ ဒါကြောင့်မို့လည်း အမျိုးသမီးတွေအနေနဲ့ “အမျိုးသားတွေ ဘာကြိုက်တာလဲ” ဆိုတဲ့ မေးခွန်းရဲ့အဖြေကို ရှာဖွေဖို့ကြိုးစားရင်း ကိုယ့်ကိုယ်ကိုယ်တိုးတက်အောင် လုပ်နေကြတာလည်းမဟုတ်ပါလား။
အခုဒီဆောင်းပါးလေးမှာတော့ အထက်က အမျိုးသမီးတွေသိချင်တဲ့မေးခွန်းအတွက် အဖြေလေးတွေကို အထောက်အကူဖြစ်စေဖို့ ပြောပြပေးချင်ပါတယ်။
အကြင်နာတရား
အမျိုးသားတွေအနေနဲ့ တစ်ဦးတစ်ယောက်ပေါ်မှာ အကြင်နာတရားပြည့်ဝစွာ လုပ်ဆောင်လိုက်တဲ့အပြုအမူတွေကို အမြဲတမ်းသတိထားတတ်ကြပါတယ်။ အထူးသဖြင့် ကောင်မလေးတစ်ယောက်ကို ရေရှည်လက်တွဲဖို့ စဥ်းစားဆုံးဖြတ်နေတဲ့အချိန်မှာပေါ့။
လက်သည်း
အမျိုးသမီးတွေအများစုက သူတို့ရဲ့လက်သည်းတွေကို လက်သည်းအလှဖန်တီးရှင်တွေကလွဲလို့ ဘယ်သူမှစိတ်ဝင်စားကြမှာမဟုတ်ဘူးလို့ တွေးထင်ကောင်းတွေးထင်နိုင်ပါတယ်။ ဒါပေမယ့် အမျိုးသားတွေဟာ သေချာထိန်းသိမ်းပြုပြင်ထားတဲ့ လက်သည်းတွေကို ဂရုတစိုက်ကြည့်တတ်ကြပြီး ဒီကောင်မလေးက ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ထိန်းထိန်းသိမ်းသိမ်းနေတတ်သလဲဆိုတာ ဆုံးဖြတ်ဖို့ အကူအညီပေးပါတယ်။
ငွေရေးကြေးရေး
အမျိုးသားတွေက ကိုယ့်ရဲ့လစာ စသဖြင့် ငွေရေးကြေးရေးပတ်သက်လို့ မေးလာခဲ့ပြီဆိုရင် ဒီအတိုင်း စပ်စပ်စုစုနဲ့ သိချင်လို့မေးတာမဟုတ်ဘဲ ဆုံးဖြတ်ချက်ချဖို့အတွက် မေးတာဖြစ်တယ်လို့ သဘောပေါက်ထားပါ။ အကယ်လို့ သင်က သူ့ထက်ပိုပြီး ပိုက်ဆံရှာနိုင်တယ်ဆိုရင် ဒီလိုအခြေအနေမျိုးကို ရင်ဆိုင်နိုင်မလားဆိုပြီး နားလည်သဘောပေါက်ဖို့အတွက် အချိန်လိုပါတယ်။
မိမိကိုယ်ကိုတန်ဖိုးထားခြင်း
အမျိုးသားတွေဟာ ချီးကျူးထိုက်တဲ့အမျိုးသမီးတွေကို ချီးကျူးရတာသဘောကျပြီး ကိုယ့်ကိုယ်ကိုယ် ဖြစ်သလိုနေတတ်တဲ့အမျိုးသမီးတွေဆို အဖတ်ကိုမလုပ်ပါဘူး။
စတိုင်လ်
Source: Crello
တချို့အမျိုးသားတွေက နောက်ဆုံးပေါ် ဖက်ရှင် Trends တွေနဲ့ပတ်သက်လို့ သိပ်ပြီးမရင်းနှီးတာနဲ့ပဲ မိန်းကလေးတစ်ယောက် ဘယ်လိုပုံစံလဲဆိုတာကို ဂရုမစိုက်ဘူးလို့ မဆိုလိုပါဘူး။ အချင်းချင်းမိတ်ဆက်တဲ့အခါမှာ ကိုယ်ဝတ်ပုံစားပုံက အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်နိုင်ပါတယ်။
By MyStyle Myanmar



