ပျိုမေအများစုက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ပုံစံကို စတင်ချင်ပေမယ့် မလုပ်ဖြစ် ဖြစ်တတ်ကြပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေက ရဖို့ ခက်ခဲတာ၊ ဈေးကြီးတာ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် အသင့်စား အစားအသောက်တွေကိုပဲ ပိုစားမိတတ်ကြပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် ကို ပုံမှန်စားပေးမယ်ဆိုရင်တော့ သင့်ခန္ဓာကိုယ်မှာ ကောင်းကျိုးများစွာ ရနိုင်ပါတယ်။ ဒါ့အပြင် သင့်ပုံစံ လုံးဝပြောင်းလဲနိုင်တဲ့ အခြေအနေအထိရောက်အောင် Healthy Food တွေက ကူညီပေးနိုင်ပါတယ်။ ဒီတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ကို စစားပြီးနောက် သင့်ဆီမှာ ပြောင်းလဲလာမယ့် အရာတွေကို ကြည့်လိုက်ရအောင်နော်-

၁။ အသားအရေ ပိုကြည်လာမယ်


သင်လိုချင်တဲ့ တောက်ပကြည်လင်တဲ့ Glow Skin ကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေက ပေးစွမ်းနိုင်ပါတယ်။

၂။ ဆံသားပိုကောင်းလာမယ်

အခုနောက်ပိုင်း ပျိုမေအများစုရဲ့ ဆံကေသာက ပျက်စီးလွယ်တတ်ကြပြီး ဆံပင်ကျွတ်လွယ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို စားပြီးနောက်မှာတော့ သင့်ဆံပင်ဟာ အရင်ကထက် ပိုကျန်းမာလာပါလိမ့်မယ်။

၃။ အစာခြေစနစ် ပိုကောင်းမွန်လာမယ်

အရင်က အစာခြေစနစ် မကောင်းတဲ့သူက ကျန်းမာရေးနဲ့ ညီညွတ်တာတွေ စားပြီးနောက်မှာတော့ အစာခြေစနစ် ပိုကောင်းမွန်လာတတ်ပါတယ်။ အစာခြေခြင်း ပိုကောင်းမွန်လာတာကြောင့် ကိုယ်အလေးချိန်ကျဖို့ အထောက်အကူ များစွာဖြစ်ပါတယ်။

၄။ စွမ်းအင်တိုးလာမယ်

Healthy Eating Style ကြောင့် သင့်ခွန်အားတွေ အရင်ထက် တိုးလာပြီး နဂိုကထက် အပင်ပန်းပိုခံလာနိုင်ပါလိမ့်မယ်။

၅။ စိတ်အခြေအနေ ပိုကောင်းလာတယ်

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေက စိတ်ကျန်းမာရေးကိုလည်း တိုးတက်စေပါတယ်။ သင့်စိတ်အခြေအနေက အရင်ထက် အကောင်းမြင်စိတ်များလာပြီး ပိုစိတ်ချမ်းသာလာပါလိမ့်မယ်။

၆။ အာရုံစူးစိုက်မှု အားကောင်းလာမယ်

Healthy Food တွေကြောင့် သင့်ခေါင်း ကြည်လင်ပြီး နဂိုကထက် အာရုံစိုက်မှု အားကောင်းလာပါလိမ့်မယ်။ အာရုံစိုက်မှု အားကောင်းခြင်းက အောင်မြင်ခြင်းရဲ့ လမ်းအစပါပဲ။

၇။ သရေစာ စားတာ နည်းလာမယ်

အရင်က ပုံမှန် သရေစာစားတတ်တဲ့ သင်က Healthy အစားအသောက် စားဖို့ အကျင့်လုပ်ပြီးနောက်မှာ အသင့်စားတွေကို အရသာ လုံးဝ မကြိုက်ဖြစ်လာပါလိမ့်မယ်။ ဒီလိုဆိုရင် သင်ပိုကျန်းမာလာမှာပါ။

၈။ သင့်ဘဝ ပြောင်းလဲလာမယ်

စားသောက်ပုံတစ်မျိုးကို ပြောင်းလိုက်ရုံနဲ့ သင့်ဘဝ ပြောင်းလဲလာမယ်ဆိုတာက ကန္တာရထဲက အိုအေစစ်လေးပါပဲ။

ဒီတော့ အပေါ်က အချက်တွေကို သိရှိပြီး သင့်အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ပုံမှန်စားဖို့ စိတ်အားထက်သန်မှု ရမယ်လို့ မျှော်လင့်မိပါတယ်။

Photo Source: Pinterest

By MyStyle Myanmar