သင်က လက်ရှိမှာ Single ဆိုရင်တော့ ဒါက ဂုဏ်ယူစရာပါပဲ။ သင်က တစ်ယောက်တည်း ပျော်ပျော်နေတတ်သူ ဖြစ်ပါတယ်။ သူငယ်ချင်းတွေရှိရင်တောင် အချိန်အများစုမှာ တစ်ယောက်တည်းဖြစ်နေတတ်တာမို့ သင်က ဘဝကို တစ်ကိုယ်တည်း ဘယ်လိုဖြတ်သန်းရမလဲ သိနေနှင့်သူ ဖြစ်ပါတယ်။ Single မိန်းကလေးတွေအနေနဲ့ တစ်ခါတလေ ခံစားရတတ်တဲ့ အထီးကျန်စိတ်ကို ဖြေဖျောက်ဖို့ နည်းလမ်းတစ်ခုကတော့ အချိန်ပြည့် ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်နေခြင်းပါ။

အခုအကြောင်းအရာမှာတော့ နဂိုထက် ကိုယ့်ကိုကိုယ် ပိုအာရုံစိုက်နိုင်စေမယ့် နည်းလမ်းတွေကို ဖော်ပြထားပါတယ်။ ကြည့်လိုက်ရအောင်နော်-

၁။ မနက်စောစောထပါ

မနက်စောစောထတဲ့အခါ စိတ်အေးချမ်းမှု တစ်မျိုးကို ခံစားရပါတယ်။ ကိုယ့်ကို နားပူနာဆာလုပ်မယ့်သူတွေ၊ ဆူညံသံတွေကနေ ကင်းဝေးရာကလည်း မနက်စောစောအချိန်ပါပဲ။ မနက်စောစောထခြင်းကြောင့် လုပ်ချင်တာတွေကို ပိုလုပ်နိုင်ပါတယ်။ သင့်ပန်းတိုင်ကို တစိုက်မတ်မတ် ဦးတည်နိုင်ဖို့ မနက်စောစော ထခြင်းကလည်း အရေးပါပါတယ်။

၂။ ဖုန်းသုံးတာလျှော့ပါ

သင့်ကိုယ်သင် ပိုအာရုံစိုက်နိုင်ဖို့ ဖုန်းလျှော့သုံးတဲ့ အချက်က အရေးကြီးပါတယ်။ Social Media ပေါ်မှာ သင်အားကျရတဲ့ စုံတွဲတွေ ရှိနေနိုင်တာကြောင့် ဒါတွေက သင့်စိတ်ကို ဆွဲချတတ်ပါတယ်။ သင့်ကိုယ်သင် အားငယ်စိတ်တွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် Single မိန်းကလေးတွေအနေနဲ့ Social Media သုံးတာကို လျှော့သင့်ပါတယ်။

၃။ သင့်စိတ်ကို တည်ငြိမ်စေတဲ့ အရာတစ်ခု

လူတိုင်းမှာ စိတ်တည်ငြိမ်စေတဲ့ အလုပ်တစ်ခုတော့ ရှိတတ်ပါတယ်။ ဥပမာ- တရားထိုင်တာ၊ စာအုပ်ဖတ်တာ၊ သီချင်းအေးအေးလေးတွေ နားထောင်တာ၊ အပင်စိုက်တာ စသဖြင့် အမျိုးမျိုးရှိပါတယ်။ ဒီအရာတွေထဲကမှ သင့်စိတ်ကို တည်ငြိမ်စေတာကို ရှာဖွေပြီး ဒါကို မကြာခဏ လုပ်ပေးသင့်ပါတယ်။

၄။ ကိုယ့်စိတ်ကို ယုံကြည်မှု တက်စေတာတွေကို ဖတ်ပေးပါ

သင့်စိတ်ကို တက်ကြွနေစေမယ့် Motivational Quote တွေ ဖတ်တာ၊ အကောင်းမြင်စိတ်ကို တိုးစေမယ့် စာအုပ်တွေ ရှာဖတ်တာ စသဖြင့် ပြုလုပ်သင့်ပါတယ်။ ထက်မြက်ပြီး အမှီအခိုကင်းတဲ့ အမျိုးသမီးတစ်ဦး ဖြစ်လာဖို့ အကောင်းမြင်စိတ်တွေ၊ စိတ်အားတက်ကြွစေမယ့် စကားတွေကလည်း အရေးပါပါတယ်။

၅။ ကျန်းမာရေးနဲ့ ညီညွတ်တာတွေကို ပိုစားပါ

အသက်ကြီးလေ ပိုလှလာလေဖြစ်လာဖို့ ကျန်းမာရေးနဲ့ ညီညွတ်တာတွေကို စားသင့်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားပြီးနောက် သင့်ကိုယ်သင် လေးစားစိတ်ဖြစ်လာပြီး အရင်ထက် ပေါ့ပါးတက်ကြွလာပါလိမ့်မယ်။

၆။ အစီအစဉ်တကျ နေထိုင်ပါ

သင့်တစ်နေ့တာကို ပုံမှန် အစီအစဉ်ချပေးပါ။ အမြဲ စနစ်တကျ နေတတ်တဲ့ Single အမျိုးသမီးဖြစ်အောင် ကြိုးစားသင့်ပါတယ်။ သင့်စိတ်ကို တက်ကြွစေဖို့ အမြဲသတိကပ်နေသင့်ပါတယ်။ ဒါ့အပြင် သင့်ခံစားချက်တွေ၊ အတွေးတွေကိုလည်း စာအုပ်တစ်အုပ်ထဲ ချရေးနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar