အသက် ၂၅ နှစ်အရွယ်သာရှိသေးပြီး စူပါမော်ဒယ်တစ်ဦးဖြစ်တဲ့ Taylor Hill ဟာ စတိုင်လ်ကျတဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။
အမိုက်စားဘော်ဒီအချိုးအစားနဲ့ စတိုင်ကျကျဝတ်ဆင်တတ်ပြီး လူသိများထင်ရှားတဲ့ မော်ဒယ်တွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ လူကြိုက်များလှပြီး ဖက်ရှင်ရှိုးပွဲသမိုင်းမှာ ထင်ရှားကျော်ကြားလှတဲ့ Victoria’s Secret ရှိုးပွဲကို ကြည့်ဖူးသူတွေအနေနဲ့တော့ Taylor Hill နဲ့ စိမ်းကြမှာမဟုတ်ပါဘူး။
Victoria’s Secret Angel တစ်ယောက်အဖြစ် ၂၀၁၄ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ပါဝင်လျှောက်လှမ်းခဲ့တဲ့ Taylor Hill ကို ၁၉၉၆ ခုနှစ် မတ်လ (၅) ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ အီလီနွိုက်မှာမွေးဖွားခဲ့ပါတယ်။
အရပ် ငါးပေရှစ်လက်မရှိတဲ့ Taylor ဟာ Ralph Lauren, Michael Kors, နဲ့ Carolina Herrera တို့လို ထိပ်သီး Brands တွေအတွက်လည်း မော်ဒယ်လ်အဖြစ် လုပ်ကိုင်ခဲ့ဖူးပြီး Vogue, Elle, နဲ့ Harper’s Bazaar တို့မှာလည်း ဖော်ပြခံခဲ့ရဖူးပါတယ်။
အသက်ငယ်ငယ်လေးနဲ့ စူပါမော်ဒယ်တစ်ဦးဖြစ်လာခဲ့တဲ့ Taylor ဟာ ဘယ်လိုပုံစံဝတ်ဝတ် အမြဲလိုလို မိမိုက်နေပြီး သူမဝတ်တဲ့ ဖက်ရှင်တွေထဲက အမိုက်စားနဲ့ ဆွဲဆောင်မှုရှိနေတဲ့ ဖက်ရှင်တွေကို မျှဝေပေးချင်ပါတယ်။
Image Source: Pinterest
By MyStyle Myanmar