တချို့အရာတွေဟာ ပစ္စုပ္ပန်ထိသယ်မလာဘဲ အတိတ်မှာပဲထားခဲ့သင့်တာ အကောင်းဆုံးဆိုပေမယ့်လည်း အသက် ၂၀ အရွယ်တုန်းက တချို့အရာတွေ၊ အခိုက်အတန့်တွေကို ပြန်လည်တွေးတောရင်း သတိရမိတဲ့အချိန်တွေတော့ အားလုံးမှာရှိကြမှာပါ။

အသက် ၃၀ အရွယ်ရောက်လာလို့ ကိုယ့်အပေါ်ကျရောက်လာတဲ့ တာဝန်ဝတ္တရားအသစ်တွေကြောင့် ကိုယ်အရင်ကတည်းက လုပ်နေကြအရာတွေကို လုပ်ခွင့်မရတော့ဘူးလို့ ဘယ်သူမှမပြောထားပါဘူး။ ဒါပေမယ့် အရင်တုန်းကလိုမျိုး စိတ်သွားတိုင်းကိုယ်မပါနိုင်တော့မယ့် အချက်ကိုတော့ အားလုံးလက်မခံချင်လည်း လက်ခံရမှာပါပဲ။

ဒါဆိုရင်တော့ ၂၀ အရွယ်နဲ့ ၃၀ အရွယ်တို့ကြားမှာ ပြောင်းလဲလာတဲ့အချက်လေးတွေကို ကာတွန်းရုပ်ပုံလေးတွေနဲ့ ဟာသနှောရင်း အတူတူကြည့်လိုက်ကြရအောင်ပါ။

၁။ အရင်လိုအချိန်တွေလောက် ပျော်စရာမကောင်းတော့ဘူး

၂။ မကြာခဏ အပေါ့အပါး သွားချင်လာတယ်

၃။ အသေးအဖွဲလေးတွေကအစ ပျော်တတ်လာတယ်

၄။ ဖျားနာလွယ်လာတယ်

၅။ TGIF တွေမကြိုက်တော့ဘဲ အိမ်မှာပဲနေချင်တော့တယ်

၆။ ပိုက်ဆံစုမှာဖြစ်မယ်ဆိုတာ သဘောပေါက်နားလည်လာတယ်

၇။ သစ်ပင်ပန်းမန်တွေကို ပိုပြီးမြတ်နိုးလာတယ်

၈။ မနက်မနက်ဆို နေဖင်ထိုးတဲ့အထိ အိပ်မပျော်တတ်တော့ဘူး

၉။ ဇရာတွေပြစပြုလာပြီ

၁၀။ အရင်လောက် အပေါင်းအသင်းမမက်တော့ဘူး

၁၁။ တစ်ယောက်တည်းနေရတဲ့အချိန်တွေကို ပိုမြတ်နိုးလာတယ်

စာဖတ်သူတို့ထဲမှာရော ဘယ်အချက်လေးတွေကို အကြိုက်ဆုံးလဲ ပြီးတော့ ၂၀ အရွယ်တုန်းက ဘယ်အချိန်တွေကို ပြန်သတိအရဆုံးလဲဆိုတာ ပြန်လည်မျှ​ဝေပေးခဲ့ပါအုံးနော်

Source: BrightSide

By MyStyle Myanmar