အစင်းကြောင်း ဘောင်းဘီရှည်တွေက ဝတ်ဆင်သူ ပျိုမေတိုင်းကို ပေါ့ပေါ့ပါးပါး ဖြစ်စေပြီး လူငယ်ဆန်ဆန် ပိုလှစေပါတယ်။ အိမ်မှာနေရင်း ဝတ်နိုင်သလို သင်က သေချာတွဲဖက်ဝတ်မယ်ဆိုရင် အပြင်သွားတဲ့အချိန်လည်း အပေါ့ပါးဆုံး အလန်းစားဆုံး ဖြစ်စေမယ့် ဘောင်းဘီအမျိုးအစား ဖြစ်ပါတယ်။ ဒီတော့ အစင်းကြောင်း ဘောင်းဘီတစ်ထည်ရှိရုံနဲ့ ဘယ်လို ဖက်ရှင်အမျိုးမျိုး ပြောင်းဝတ်နိုင်လဲ ကြည့်လိုက်ရအောင်နော်-

၁။ တီရှပ်ခါးတိုနဲ့

တီရှပ်ကိုမှ ခါးတို ပုံစံတွေက အစင်းကြောင်း ဘောင်းဘီအပွတွေနဲ့ လိုက်ဖက်ပါတယ်။ သင်က ခါးမှာ အဆီမရှိဘူးဆိုရင် ဒီပုံစံ ဝတ်ပြီး Photoshoot ပါ လုပ်လို့ရပါတယ်။

၂။ လက်ရှည်ခါးတို

ဆွဲသား လက်ရှည်ခါးတိုတွေကလည်း အစင်းကြောင်းဘောင်းဘီအပွနဲ့ လိုက်ဖက်ပါတယ်။ သင့်မှာ အစင်းကြောင်း အပွ တစ်ထည်ရှိရုံနဲ့ အမျိုးမျိုး ပြောင်းဝတ်နိုင်ပါပြီ။

၃။ အပေါ်ပိုင်း ထူးခြားတာလေးနဲ့

သင့်ရဲ့ ဖက်ရှင်ကို တခြားသူတွေထက် ပိုထူးခြားစေချင်တယ်ဆိုရင်တော့ အပေါ် အင်္ကျီ ထူးခြားတာလေးတွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ ဒီဖက်ရှင်ပုံစံက လူငယ်ဆန်သလို ပိုလည်း လူတွေကြားထဲ ထင်းထွက်စေမယ့် ဖက်ရှင်ပုံစံပါ။

၄။ Sweatshirt အပွနဲ့

သင်က ခါးနေရာ မဖော်ချင်ဘူးဆိုရင် Sweatshirt အပွနဲ့ တွဲဝတ်နိုင်ပါသေးတယ်။ Sweatshirt အပွကို ဘောင်းဘီအပွအပေါ် Tuck လုပ်ထားတာက လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး ဖြစ်စေပါတယ်။

၅။ အရောင်စပ်တဲ့ပုံစံ

အပေါ်အင်္ကျီအရောင်နဲ့ အစင်းကြောင်း ဘောင်းဘီအရောင် ကွက်တိကျတဲ့ ဝတ်ဆင်ပုံက သင့်ကို ပိုချစ်စရာကောင်းသွားစေပါတယ်။

၆။ ကော်လံလက်ရှည်နဲ့

ကော်လံပါတဲ့ လက်ရှည်အင်္ကျီတွေကလည်း အစင်းကြောင်း ဘောင်းဘီအပွနဲ့ လိုက်ဖက်နေပြန်ပါတယ်။

၇။ Oversized တီရှပ်နဲ့

Size ကြီး Oversized တီရှပ်ကို တစ်ဝက်ဘောင်းဘီထဲထည့်ကာ ကျန်တစ်ဝက်ကို အပြင်ဘက် ထုတ်ထားပြီး ဝတ်နိုင်ပါသေးတယ်။ ဒီပုံစံက သင့်ကို အထာကျကျ လှနေစေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar