တချို့အရာတွေက ကိုယ်တိုင်မသိပဲလုပ်နေမိပေမယ့် ကိုယ့်အလှအပကို ထိခိုက်ပျက်စီးစေတာမျိုးတွေ ဖြစ်နေတတ်ပါတယ်။ အခုခေတ်မှာဆိုရင် မိန်းကလေးတွေမှာ ဖြစ်လေ့ရှိတဲ့ပြဿနာက ဆံပင်တွေကျွတ်ပြီး ပါးလာတာပါပဲ။ မိန်းကလေးတစ်ယောက်မှာ ဆံသားအလှကလည်း အရေးပါတာကြောင့် သေချာဂရုစိုက်ပေးဖို့လိုပါတယ်။ ဒါကြောင့် ကိုယ်လုပ်နေတာတွေက မှားနေရင်လည်း အချိန်မှီပြင်လို့ရအောင် တစ်ဖြေးဖြေးနဲ့ ဆံပင်ပါးလာအောင် နေ့စဉ်ပြုလုပ်မိနေတတ်တဲ့ အလေ့အကျင့် ၇ ခုကို ပြောပြပေးလိုက်ပါတယ်။

နေရောင်ခြည်ထိခြင်း

နေပူထဲသွားတဲ့အခါမှာ ဦးထုပ်၊ ထီး စတဲ့ အကာအကွယ်တွေမပါပဲ သွားလာနေတာက နေရောင်ခြည် တိုက်ရိုက်ထိတွေ့စေပါတယ်။ ကြာလာတဲ့အခါမှာ ဆံသားပျက်စီးပြီး ခြောက်သွေ့လာတာမျိုး၊ ဆံပင်တွေကွက်တာမျိုး၊ ပါးလာတာမျိုးတွေ ဖြစ်စေပါတယ်။

ဆံပင်အမြဲစည်းထားခြင်း

ဆံပင်ကိုတင်းကျပ်နေအောင် အမြဲချည်ထားတာ၊ စည်းထားတာတွေကြောင့် ဆံသားနာပြီး ဆံပင်ကျွတ်စေပါတယ်။ ဆံပင်တွေပါးလာစေပါတယ်။

အပူချောင်းတွေသုံးခြင်း

နေ့စဉ်နဲ့အမျှ ဆံပင်ကို လိပ်စက်နဲ့လိပ်လိုက်၊ ဖြောင့်စက်နဲ့ စက်ဆွဲလိုက်၊ Dryer တွေသုံးလိုက်နဲ့ အပူချောင်းတွေ ခဏခဏသုံးနေတာဟာ ဆံသားပျက်စီးစေပါတယ်။ ဆံပင်ကျွတ်ပြီး ပါးလာစေပါတယ်။

ဆံပင်ကိုကစားခြင်း

တချို့ကျတော့ ထိုင်နေရင်းနဲ့ ဆံပင်ကို လက်နဲ့ကစားနေတာမျိုး၊ လိမ်နေတာမျိုးတွေ လုပ်တတ်ပါတယ်။ ဒီလိုလုပ်တာက ဆံပင်တွေရှုပ်ထွေးတာ၊ ငြိတာတွေဖြစ်ပြီး ဆံပင်ကျွတ်စေပါတယ်။ ဆံပင်ကျွတ်ရင် ဆံပင်ကအလိုလိုပါးလာတာပါပဲ။

ရေစိုနေတဲ့ဆံပင်ကိုဖြီးခြင်း

ခေါင်းလျှော်ပြီးတဲ့အခါမှာ ရေခြောက်အောင်မသုတ်ပဲ ဆံပင်ရေစိုနေတဲ့အချိန်မှာ ခေါင်းဖြီးတာက ဆံပင်တွေ အထွေးလိုက်ကျွတ်ပါလာစေပါတယ်။ ဆံပင်အရမ်းကျွတ်တော့ သိသိသာသာကို ဆံပင်ကပါးလာပါတယ်။



ရေနွေးနဲ့ခေါင်းလျှော်ခြင်း

ရေနွေးနဲ့ခေါင်းလျှော်တာက ကြာလာရင် ဆံပင်ကျွတ်ပြီး ပါးစေပါတယ်။ ဒါကြောင့် မဖြစ်မနေကျမှသာ ရေနွေးနဲ့လျှော်ပါ။